DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဈေး တလအတွင်း ၄၅၀ ကျပ်အထိမြင့်တက်
DVB
·
August 13, 2023
စက်သုံးဆီဈေး တလအတွင်း ၄၅၀ ကျပ်အထိမြင့်တက်
Donate to DVB

ပြည်တွင်းစက်သုံးဆီဈေးဟာ တလအတွင်း အနည်းဆုံး ၂၀၀ ကျပ်ကနေ ၄၅၀ ကျပ်အထိ မြင့်တက်သွားခဲ့တယ်လို့ စျေးကွက်မှတ်တမ်းတွေအရ သိရပါတယ်။

ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တွေအနေနဲ့ ဒီနေ့မှာ အောက်တိန်း-92 တလီတာကို ၂၂၈၅ ကျပ်၊ အောက်တိန်း-95 တလီတာကို ၂၃၉၅ ကျပ်၊ ဒီဇယ်တလီတာကို ၂၄၆၀ ကျပ်နဲ့ ပရီမီယံဒီဇယ်တလီတာကို ၂၅၃၅ ကျပ်နဲ့ရောင်းချနေတာ ဖြစ်ပါတယ်။

အဲဒီစျေးနှုန်းဟာ ဇူလိုင် ၁၂ ရက်ကနဲ့ယှဥ်ရင် အောက်တိန်း-92 က ၃၀၀ ကျပ်၊ အောက်တိန်း-95 က ၂၁၀ ကျပ်၊ ဒီဇယ်က ၄၅၀ ကျပ်နဲ့ ပရီမီယံဒီဇယ်က ၄၄၅ ကျပ်စီ မြင့်တက်ခဲ့တာပါ။

ဒါ့အပြင် လက်ရှိစက်သုံးဆီပေါက်စျေးဟာ သမိုင်းတလျှောက်အမြင့်ဆုံးစံချိန်တင်ခဲ့တဲ့ ပြီးခဲ့နှစ် ဇွန်လက စျေးနဲ့ပြန်လည်နီးကပ်လာခဲ့တာလည်း ဖြစ်ပါတယ်။

စက်သုံးဆီစျေးကွက်လေ့လာသူတယောက်က "ဒီရက်ပိုင်းက အတက်အကျ မငြိမ်ဘူး။ တက်လိုက်ကျလိုက်ပဲ။ ဆက်ပြီးတက်ရင်တော့ အမြင့်ဆုံးစံချိန်ချိုးသွားမယ့် အနေအထားလည်း ရှိနေတယ်" လို့ ပြောပါတယ်။

ပြည်တွင်းစက်သုံးဆီစျေးဟာ ဇူလိုင်လလယ်ပိုင်းကစပြီး တဖြည်းဖြည်း ပြန်လည် မြင့်တက်လာတာကြောင့် ယာဉ်မောင်းတွေအနေနဲ့ အခက်ပြန်တွေ့ လာကြတယ် လို့ဆိုပါတယ်။

စမ်းချောင်းမြို့နယ်နေ တက္ကစီယာဉ်မောင်းတယောက်က "ကုန်စျေးကတက်၊ ဆီစျေးကလည်း တက်ဆိုတော့ အိမ်စရိတ်ပြန်ရဖို့တောင်မလွယ်ဘူး။ ခရီးသည်တွေ ကလည်း အထွေထွေကုန်ကျစရိတ်တွေတက်တော့ ကားခ ပိုမပေးချင်ကြဘူး" လို့ ပြောပါတယ်။

အဲဒါကြောင့် ဆီကားသမားတွေအနေနဲ့ စီအန်ဂျီကားတွေ ပြောင်းမောင်းဖို့ ကြိုးစားလာကြတယ်လို့လည်း ယာဉ်မောင်းတွေကဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲတာ လျော့ကျစေရေးအတွက် ပြည်ပက စက်သုံးဆီတင်သွင်းတာ လျှော့ချဖို့ ထုတ်ပြောတာရှိသလို စက်သုံးဆီလုပ်ငန်းရှင် တချို့ကို မကြာခင်က နေပြည်တော်မှာ အစည်းအဝေး ခေါ်ယူခဲ့တာလည်းရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013