
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်နဲ့ သြဂုတ် ၁၃ ရက်မှာ ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့ နှစ်ဖက် သဘောတူခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
ဝမ်ယိရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့ကို သွားရောက် လည်ပတ်အပြီး ကမ္ဘောဒီးယားနိုင်ငံဟာ နောက်ဆုံး ခြေလှမ်းပါ။
ဝမ်ယိဟာ ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်တော့မယ့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်၊ ဟွန်ဆန်ရဲ့သားဖြစ်ပြီး မကြာမီ ဝန်ကြီးချုပ် ဖြစ်လာမယ့် ဟွန်မာနက်၊ ကမ္ဘောဒီးယား ဘုရင် နိုရိုဒွန် သီဟာမိုနီတို့နဲ့လည်း တနင်္ဂနွေနေ့နှောင်းပိုင်းမှာ တွေ့ဆုံမှာပါ။
ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံတို့ဟာ ယခုနှစ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၆၅ နှစ်မြောက် နှစ်ပတ်လည် နေ့ကို ကျင်းပနေကြပါတယ်။
တရုတ်-ကမ္ဘောဒီးယား လူ့ အသိုက်အဝန်းကို မျှဝေတဲ့ အနာဂတ်နဲ့ တည်ဆောက်နေတဲ့ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဖက်နိုင်ငံအဖြစ် ကမ္ဘောဒီးယားနိုင်ငံရဲ့ အခြေအနေတွေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းရာမှာ တရုတ်နိုင်ငံ က ကမ္ဘောဒီးယားနိုင်ငံကို အခိုင်အမာ ထောက်ခံတယ်လို့လဲ ဝမ်ယိက ပြောပါတယ်။
ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာတွေမှာ ပိုကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်ရင်း နိုင်ငံ့ဂုဏ်သိက္ခာ၊ လွတ်လပ်ရေးနဲ့ အချုပ်အခြာကို ကာကွယ်ရာမှာလည်း ထောက်ပံ့ သွားမယ်လို့ ဝမ်ယိက ဆက်ပြောပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တွေရဲ့ မဟာဗျူဟာလမ်းညွှန်မှုနဲ့ အညီ တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံတည်ဆောက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုကို နက်နက် ရှိုင်းရှိုင်း တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ကမ္ဘောဒီးယား နိုင်ငံနဲ့ လက်တွဲဆောင်ရွက် သွားဖို့ မျှော်လင့်တယ်လို့ ဝမ်က မှတ်ချက်ပြုခဲ့ ပါတယ်။
ခေတ်သစ်မှာ မျှဝေထားတဲ့ အနာဂတ်နဲ့အတူ နှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ ယုံကြည်မှုနှင့် နှစ်နိုင်ငံပြည်သူတွေရဲ့ မျှော်လင့်ချက်တွေနဲ့အညီ နေထိုင်ကြရင်း တရုတ်၊ ကမ္ဘောဒီးယား လူ့အဖွဲ့အစည်း အသိုက်အဝန်းကို တည်ထောင်ရာမှာ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက် ကြမယ်လို့လည်း ဝမ်ယိက ပြောပါတယ်။
ကမ္ဘောဒီးယား -တရုတ် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုဟာ ချောချောမွေ့မွေ့ တိုးတက်ပြီး ရလဒ်ကောင်းတွေ ရရှိခဲ့တယ်၊ တရုတ်က ကမ္ဘောဒီးယားနိုင်ငံကို ဆက်ပြီး ပံ့ပိုးကူညီသွားမယ်လို့ လည်း ဝမ်ယိက ပြောပါတယ်။
ကီလိုမီတာ ၄၀၀၀ နီးပါးရှိတဲ့ လမ်းတွေနဲ့ တံတား ၁၀ စင်းတို့ကို တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်ခဲ့တယ်၊ တရုတ်နဲ့ ကမ္ဘောဒီးယားနိုင်ငံကြား လူ့အဖွဲ့အစည်းရဲ့ ကံကြမ္မာကြောင့် ကမ္ဘောဒီးယားနိုင်ငံဆီကို ယူဆောင်လာတဲ့ မြင်သာ ထင်သာတဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝ ပြသနေတဲ့ ကမ္ဘောဒီးယား နိုင်ငံရဲ့ အသစ်စက်စက် အသွင်အပြင်ကို ပြသပေးခဲ့တယ်လို့ စီစီတီဗီ သတင်းဌာနက သုံးသပ် ဖော်ပြခဲ့ပါတယ်။
Source-Reuters











