DVB Logo
Home
Lead Story
မျိုးရိုးလိုက်တဲ့ရောဂါတွေလား
DVB
·
August 13, 2023
မျိုးရိုးလိုက်တဲ့ရောဂါတွေလား
Donate to DVB

ဆီးချို၊ အယ်လ်ဇိုင်းမား

ကျန်းမာရေးအခြေအနေတွေမှာ မကြာခဏမေးလေ့ရှိတဲ့ မေးခွန်းတခုကတော့ မျိုးရိုးဗီဇက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘယ်လောက်ထိ သက်ရောက်မှုရှိလဲ ဆိုဝာာပါပဲ။

“မြင်နိုင်တဲ့ အခြေအနေတိုင်းမှာ မျိုးရိုးဗီဇအခြေခံအချို့ ရှိပေမဲ့ မျိုးရိုးဗီဇအခြေခံဟာ ပြောင်းလဲနိုင်တယ်” လို့ ဆေးပညာနဲ့ မျိုးရိုးဗီဇဆိုင်ရာ ပါမောက္ခ ဒေါက်တာအီမီယာကန်နီက ရှင်းပြပါတယ်။

ဥပမာအားဖြင့် ကိုလက်စထရော မြင့်မားနေမယ်ဆိုရင် ပုံမှန်အားဖြင့် ဒါဟာ မျိုးရိုးဗီဇ ဓာတ်ခံနိုင်မှု၊ အစားအသောက်နဲ့ တခြားလူနေမှုပုံစံ စတဲ့အချက်တွေ ပေါင်းစပ်မှုကြောင့် ဖြစ်တတ်ပေမဲ့ တချို့အတွက်ကတော့ မျိုးရိုးဗီဇက ပိုအားကောင်းနိုင်ပါတယ်။

“ကမ္ဘာပေါ်က လူ ၂၀၀ မှာ တယောက်လောက်က သူတို့ရဲ့ ကိုလက်စထရော မြင့်မားမှုက တကယ်တော့ မျိုးရိုးဗီဇပါဝင်မှုတွေ အများကြီးရှိပါတယ်။ မျိုးရိုးဗီဇ အကြောင်းပြချက်ကြောင့် ငယ်ရွယ်စဉ်တည်းက ကိုလက်စထရောကို တက်လာစေတဲ့ မိသားစု hypercholesterolemia လို့ခေါ်တဲ့ အခြေအနေတခု ရှိပါတယ်။” လို့ ဒေါက်တာ ကန်နီက CBS News ကို ပြောပါတယ်။

ဒါကြောင့် မိသားစုရာဇဝင်ဟာ “ဆေးပညာမှာ အရေးကြီးဆုံး အရာတွေထဲက တခုဖြစ်တယ်” လို့ ကန်နီက ပြောခဲ့ပြီး ဒါဟာ ဆရာဝန်ရဲ့ ဖြစ်နိုင်ချေအဆင့်တွေကို ဆုံးဖြတ်ဖို့ ကူညီပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

ဆီးချိုရောဂါ မျိုးရိုးရှိပါသလား။

အမေ၊ အဖေ၊ ညီမ ဒါမှမဟုတ် ဆွေမျိုးတွေမှာ အမျိုးအစား ၂ ဆီးချိုရောဂါရှိနေပါက ဆီးချိုရောဂါ၊ ပုံမှန် သွေးတွင်းသကြားဓာတ် ပမာဏများခြင်းနဲ့ အမျိုးအစား ၂ ဆီးချိုဖြစ်နိုင်ခြေ ပိုများတယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာတွေဆီက သိရပါတယ်။

ဆီးချိုရောဂါရှိသူ ၁-၂ ရာခိုင်နှုန်းကို ထိခိုက်စေတဲ့ MODY- အရွယ်ရောက်ခြင်းမှ စတင်ဖြစ်ပွားတဲ့ ဆီးချို သွေးချိုရောဂါလို မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ ဆီးချိုအမျိုးအစားတွေလည်း ရှိတယ်လို့ ဒေါက်တာကန်နီက ပြောပါတယ်။

“ဒါဟာ လူနည်းစုကို ဖြစ်စေတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ ခိုင်မာတဲ့ မျိုးရိုးဗီဇက ဦးဆောင်တဲ့သူလည်း ရှိတယ်။”

ဆီးချိုရောဂါအတွက် မျိုးရိုးဗီဇဆိုင်ရာ ပံ့ပိုးမှုဟာ ကျန်းမာရေးရဲ့ လူမှုရေးဆိုင်ရာ အဆုံးအဖြတ်တွေနဲ့ ဆက်စပ်မှုရှိတဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။

ဆီးချိုရောဂါရှိနေတဲ့ မိသားစုရာဇဝင် ရှိရင်တောင်မှ လူနေမှုပုံစံ ပြောင်းလဲခြင်းဖြင့် အမျိုးအစား ၂ ဆီးချိုရောဂါကို ကာကွယ်နိုင် ဒါမှမဟုတ် နှောင့်နှေးနိုင်တယ်လို့ CDC က မှတ်ချက်ချပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာစားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းနဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း စတဲ့အဆင့်‌တွေ ပြုလုပ်ပေးသင့်ပါတယ်။

အယ်လ်ဇိုင်းမားမျိုးရိုး ရှိပါသလား။

အခြေအနေအများစုမှာ အယ်လ်ဇိုင်းမားဟာ မျိုးရိုးဗီဇ တခုတည်းကြောင့် မဟုတ်ဘူးလို့ အမျိုးသားကျန်းမာရေးအင်စတီကျုရဲ့ အဆိုအရ သိရပါတယ်။ ဒီအစား လူနေမှုပုံစံနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေ ပေါင်းစပ်ထားတဲ့ မျိုးဗီဇအများအပြားက ရောဂါကို လွှမ်းမိုးနိုင်ပါတယ်။

“အရေးကြီးတာက အယ်လ်ဇိုင်းမားရောဂါ ဖြစ်တဲ့သူတွေဟာ သူတို့ရဲ့ မိသားစုထဲမှာ ရောဂါရာဇဝင် အမြဲမရှိဘူး” လို့ NIH ရဲ့ ဝက်ဘ်ဆိုက်က မှတ်ချက်ပြုထားပါတယ်။ “ဒါပေမဲ့ ရောဂါရှာဖွေတွေ့ရှိထားတဲ့ မိဘ ဒါမှမဟုတ် မွေးချင်းရှိသူတွေဟာ မိသားစုရာဇဝင် မရှိတဲ့သူတွေထက် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်” လို့ ဆိုပါတယ်။

အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုရဲ့ ၅ ရာခိုင်နှုန်းအောက်သာ အမှန်တကယ် မျိုးရိုးလိုက်နိုင်တယ်လို့ အာရုံကြောသိပ္ပံသုတေသီ ဒေါက်တာ ဒါလီဘရယ်ဒက်ဆန်နဲ့ အာရုံကြောဆိုင်ရာ ရောဂါဆိုင်ရာကျွမ်းကျင်သူတို့က ခန့်မှန်းချက်အမျိုးမျိုးကို အသိအမှတ် ပြုထားပါတယ်။

ဒေါက်တာ ဒါလီဘရယ်ဒက်ဆန်က “ဒါကြောင့် ၉၅ ရာခိုင်နှုန်းက ကြိုးကြားကြိုးကြားဖြစ်ပြီး ဆိုလိုတာက အဲဒါကို မင်း မျိုးရိုးလိုက်နိုင်တယ်၊ ဒါပေမဲ့ မင်း သေချာပေါက် မျိုးရိုးလိုက်မှာတော့မဟုတ်ဘူး” လို့ ပြောပါတယ်။ 

APP ဗီဇ၊ Presenilin 1 နဲ့ Presenilin 2 လို့ခေါ်တဲ့ မတူညီတဲ့ ဗီဇသုံးမျိုးနဲ့ သက်ဆိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာ အဲ့ဒီဗီဇကို အမွေဆက်ခံရပါက ပုံမှန်အားဖြင့် ရောဂါရနိုင်ပါတယ်။

အယ်လ်ဇိုင်းမားအန္တရာယ်ကို လွှမ်းမိုးနိုင်တဲ့ လူသိများတဲ့ ဗီဇဟာ ပုံစံအမျိုးမျိုးနဲ့ ထွက်လာတဲ့ apolipoprotein E သို့မဟုတ် APOE မျိုးဗီဇဖြစ်ပါတယ်။ APOE4 ကတော့ အထင်ရှားဆုံး မျိုးရိုးဗီဇ ဖြစ်နိုင်ခြေ အချက်လို့ နားလည်ထားပါတယ်။

“APOE ဗီဇက သွေးကြောအတွင်း ကိုလက်စထရောနဲ့ တခြားအဆီအမျိုးအစားတွေကို သယ်ဆောင်တဲ့နေရာမှာ ကူညီပေးတဲ့ ပရိုတင်းတခု ဖန်တီးရာမှာ ပါဝင်နေတယ်” လို့ NIH ရဲ့ ဝက်ဘ်ဆိုက်က ရှင်းပြထားပါတယ်။

APOE စမ်းသပ်မှုကို ရနိုင်ပေမဲ့ ရလဒ်တွေဟာ အယ်လ်ဇိုင်းမားရောဂါ ဘယ်သူဖြစ်မယ် ဒါမှမဟုတ် မဖြစ်မယ်ဆိုတာကို အပြည့်အဝ မခန့်မှန်းနိုင်ပါဘူး။

ဒါပေမဲ့ သုတေသနပြုချက်တွေအရ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို ထိန်းသိမ်းခြင်း၊ စိတ်နဲ့ ခန္ဓာကိုယ်ကို တက်ကြွစေခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ အရက်အလွန်အ ကျွံသောက်ခြင်းတို့ကို ရှောင်ကြဉ်ခြင်းဟာ ထူးထူးခြားခြား တိုးတက်စေဖို့ အထောက်အကူ ဖြစ်နိုင်တယ်လို့ အကြံပြုထားပါတယ်။

ရေးသူ- ဆာရာ မိုနီယူဇီကို 

ဘာသာပြန်သူ - လီလီ

 Ref: CBS

( CBS သတင်းဌာနမှာ  Sara Moniuszko ရေးသားထားတဲ့ “Is it genetic? What experts say about the risk of diabetes, Alzheimer's, ADHD and more” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013