
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သူရဲ့ မွေးရပ်ဖြစ်တဲ့ ဒယ်လာဝဲလ် (Delaware) ပြည်နယ်ကို သြဂုတ် ၁၁ ရက်မှာ သွားရောက်ခဲ့ပါတယ်။
တစ်ရက်တည်းမှာပဲ ဘိုင်ဒင်ရဲ့ သားဖြစ်သူ ဟန်တာ ဘိုင်ဒင်ဟာ ရာဇဝတ်မှုအရ ရုံးတင်စစ်ဆေး ခံရနိုင်တယ်လို့ အထူးစုံစမ်းရေး ရှေ့နေဖြစ်တဲ့ ဒေးဗစ် ဝိုက်စ် (David Weiss) က ပြောကြားပါတယ်။
အမေရိကန်နိုင်ငံရဲ့ အထူးကောင်စီဝင်အဖြစ် ပြီးခဲ့တဲ့ သောကြာနေ့ကမှ ဝိုက်စ် အနေနဲ့ ရာထူး တိုးခဲ့ပြီးနောက် မကြာခင်မှာပဲ မှတ်ချက်ပေးခဲ့တာပါ။
၂၀၂၄ သမ္မတရွေးကောက်ပွဲ ကာလအတွင်း ဒီတရားခွင် ဇာတ်လမ်းက ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာနိုင်တဲ့ လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တွေမှာ ဟန်တာဘိုင်ဒင်ရဲ့ ဝင်ငွေ ၁ ဒသမ ၅ သန်း ကျော်အတွက် အခွန်ပေးဆောင်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွဲချက်ပေါ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လက အပြစ်မရှိကြောင်း ထွက်ဆို ထားပါတယ်။
ဒါ့အပြင် ဒေါ်လာ ၁ သိန်းကျော် အခွန်ပေးဆောင်ဖို့ ကျန်ရှိနေစဉ်မှာပဲ ဟန်တာဘိုင်ဒင်က ရာဇဝတ်ပြစ်မှုကြီး တခုဖြစ်တဲ့ မူးယစ်ဆေး သုံးစွဲနေစဉ်အတွင်း တရားမဝင်သေနတ် ကိုင်ဆောင်မှု ဆိုင်ရာ သီးခြားအမှုတစ်ခုအတွက် အယူခံ ဝင်ခြင်း မရှိသေးပါဘူး။
ဒါကြောင့် အမေရိကန်သမိုင်းမှာ သမ္မတရဲ့ သားဖြစ်သူက ရာဇဝတ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်နေစဉ် အတွင်း အဖေဖြစ်သူက ပြန်လည် ရွေးကောက်ခံရဖို့ မဲဆွယ်နေတဲ့ မကြုံစဖူး အခင်းအကျင်းမျိုး ဖြစ်နိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။
လာမယ့် သမ္မတရွေးကောက်ပွဲအတွင်း ဘိုင်ဒင်ဟာ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု အနည်းဆုံး ၃ ခု နဲ့ ရင်ဆိုင်နေရတဲ့ ရီပတ်ဘလီကန်ပါတီဝင် ပြိုင်ဘက်ဟောင်း ဒေါ်နယ်ထရန့်ပ် နဲ့ နောက်တစ်ကြိမ် ရင်ဆိုင်ရဖို့ ဖြစ်လာနိုင်ပါတယ်။
Source-Reuters











