DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်စစ်စခန်းရှေ့တွင် အာဏာသိမ်းမှုကို ထောက်ခံသည့်နိုင်ဂျာနိုင်ငံသားများ ဆန္ဒပြ
DVB
·
August 12, 2023
ပြင်သစ်စစ်စခန်းရှေ့တွင် အာဏာသိမ်းမှုကို ထောက်ခံသည့်နိုင်ဂျာနိုင်ငံသားများ ဆန္ဒပြ
Donate to DVB

နိုင်ဂျာနိုင်ငံမြို့တော် နီယမ်မေ (Niamey)ရှိ ပြင်သစ်စစ်တပ်ရဲ့ အခြေစိုက်စခန်း တစ်ခုရှေ့မှာ သြဂုတ် ၁၁ ရက်က အာဏာသိမ်းမှုအပေါ် ထောက်ခံသူ ရာပေါင်းများစွာရဲ့  ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။

နိုင်ဂျာနိုင်ငံမှာ အရပ်ဖက်အုပ်ချုပ်ရေး ပြန်လည်ထူထောင်နိုင်ဖို့ စစ်ရေးနည်းလမ်းနဲ့ ဝင်ရောက် စွက်ဖက်မယ့် အလားအလားကို အနောက်အာဖရိကဒေသဆိုင်ရာအဖွဲ့က ဦးတည်နေတာပါ။

အနောက်အာဖရိကနိုင်ငံတွေရဲ့ စီပွားရေးဆိုင်ရာ အသိုက်အဝန်း ECOWAS အဖွဲ့ ဟာ စစ်တပ် တခု အဖြစ် အသင့်အနေအထားမှာ ရှိနေကြဖို့အတွက်ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမိန့်ပေးခဲ့ပါတယ်။

၃နှစ်အတွင်း အာဖရိကတိုက်ရဲ့ အလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာ နိုင်ဂျာနိုင်ငံရဲ့ အာဏာသိမ်းမှုက ၇ ခု မြောက်ဖြစ်သလို နိုင်ဂျာသမ္မတ မိုဟာမတ် ဘဇွန်းမ်ကို ဗိုလ်ချုပ်ကြီးတွေရဲ့ ရာထူးဖြုတ်ချမှုကလည်း ၂ ပတ်အထိ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ 

ဒီလို အာဏာသိမ်းမှုဖြစ်ရပ်တွေ ဆက်တိုက် ပေါ်ပေါက်လာတဲ့အတွက် အနောက်အင်အားကြီး နိုင်ငံတွေရဲ့ သြဇာအာဏာ ဆုံးရှုံး လာခဲ့ပေမယ့်လည်း ရုရှားနိုင်ငံရဲ့ လွှမ်းမိုးမှုကတော့ မြင့်တက်လာပုံ ရတယ်လို့ ဆိုပါတယ်။ 

အဆိုပြုထားတဲ့ ကြားဝင် စွက်ဖက်ရေး မစ်ရှင်ကြောင့် မဟာဗျူဟာအရ အရေးပါတဲ့ ဒီဒေသတွင်းမှာ ပဋိပက္ခဖြစ်ပွားမှုကို ပိုမိုနက်ရှိုင်းစေနိုင်တဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။ 

နိုင်ဂျာရဲ့ ကိုလိုနီနိုင်ငံဟောင်းဖြစ်တဲ့ ပြင်သစ်အပေါ်မှာ ဒေါသတကြီး ပစ်မှတ်ထားနေကြတဲ့အပြင် ခြိမ်းခြောက်မှုတွေပါ ရှိနေတယ်လို့ သိရပါတယ်။ 

အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့ အိမ်နီးချင်း မာလီ နဲ့ ဘာကီနာဖာဆိုနိုင်ငံတို့မှာတော့ ပြင်သစ်တပ်ဖွဲ့ တွေကို မောင်းထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ 

ဒါကြောင့် နိုင်ဂျာနိုင်ငံမှာ အာဏာသိမ်းဖြစ်ရပ်အပြီး ရက်ပိုင်းအကြာမှာပဲ ပြင်သစ်သံရုံးကို ဆန္ဒပြသူ တွေက တိုက်ခိုက်ခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013