DVB Logo
Home
နိုင်ငံတကာ
သီရိလင်္ကာအတိုက်အခံအမတ်ဦးဆောင်သည့် အစိုးရဆန့်ကျင်ဆန္ဒပြပွဲ လူရာချီပါဝင်
DVB
·
August 12, 2023
သီရိလင်္ကာအတိုက်အခံအမတ်ဦးဆောင်သည့် အစိုးရဆန့်ကျင်ဆန္ဒပြပွဲ လူရာချီပါဝင်
Donate to DVB

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမှာ သြဂုတ်လ ၁၁ ရက် သောကြာနေ့က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေပါဝင်ခဲ့ကြပြီး ရာထူးကနေ ဆင်းပေးဖို့နဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ 

ကိုလံဘို ဆန္ဒပြပွဲဟာ အရင်သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာ ကို နိုင်ငံတွင်းက ထွက်ပြေးသွားရလောက်အောင် တွန်းအားပေးခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေရဲ့ ပထမဆုံး နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ 

သောကြာနေ့ ဆန္ဒပြပွဲကို အတိုက်အခံ ပါလီမန်အမတ်နဲ့ စစ်တပ် အကြီးအကဲဟောင်း ဆာရတ်သ် ဖွှန်ဆေကာ က ဦးဆောင်ခဲ့ပါတယ်။ 

“ပြည်သူတွေရဲ့ စိတ်နှလုံးသားထဲမှာ ရုန်းကန်ရမှုတွေကရှိနေတုန်းပဲဖြစ်လို့ ဖိနှိပ်မှုတွေကြောင့် အမျိုးမျိုးသော တရားမဝင်လုပ်ရပ်တွေကြောင့် ပြည်သူတွေက သူတို့ရဲ့အခြေခံအခွင့်အရေးတွေကို တောင်းဆိုဖို့တောင် ကြောက်လန့်နေကြရတယ်” လို့ သူက ပြောပါတယ်။ 

ဒါပေမယ့် ပြည်သူတွေဟာနိုးကြားပြီး စည်းစည်းရုံးရုံးရှိရမှာဖြစ်ကြောင်းနဲ့ အခုဆန္ဒပြပွဲဟာ နိုင်ငံရေးလုပ်တာမဟုတ်ဘဲ လက်နက်မဲ့တဲ့ လူမှုတော်လှန်ရေးဆီ ကြိုးစားရုန်းကန်ခြင်းသာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ 

ဒီဆန္ဒပြပွဲမှာတော့ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေဟာ ဆန္ဒပြသူတွေကိုလူစုခွဲဖို့ မီးသတ်ပိုက်နဲ့ မျက်ရည်ယိုဗုံးတွေကို မသုံးခဲ့ပဲ ထိန်းသိမ်းခဲ့ကြပါတယ်။ 

ဆယ်စုနှစ် ၇ ခုအတွင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းကို သူ့အစိုးရ ကိုင်တွယ်ပုံကြောင့် မကြုံစဖူး မငြိမ်သက်အုံကြွမှုတွေ ဖြစ်လာရပြီးနောက်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ သမ္မတရဲ့ တရားဝင်နေအိမ်နဲ့ ရုံးခန်းကိုဝင်ရောက်စီးနင်းခဲ့ကြပြီး ရက်ပိုင်းအကြာမှာပဲ ရာဂျာပက်ဆာဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ရာထူးကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013