
အီကွေဒေါ ရွေးကောက်ပွဲအဖွဲ့အစည်းဟာ ဘေးကင်းလုံခြုံတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ အာမခံ ပြီးတော့ နိုင်ငံသားတွေကို ရွေးကောက်ပွဲမှာ ဘေးကင်းစွာ မဲပေးနိုင်စေကြောင်း သြဂုတ် ၁၀ ရက်က ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေဟာ သြဂုတ် ၁၃ ရက်မှာ လုပ်မယ့် ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲနေ့ကို အာမခံပေးမှာဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ ဒီယာနာ အာတာမိန့်ထ် က ပြောကြားခဲ့တာပါ။
ကီးတိုးမြို့က ညနေခင်း မဲဆွယ်ပွဲတခုကနေ ထွက်ခွာလာခဲ့တဲ့ သမ္မတလောင်း ကိုယ်စားလှယ် ဖှာနန်ဒို ဗီလာဗင်ဆန့်စီယို လုပ်ကြံသတ်ဖြတ် ခံခဲ့ရတာဖြစ်ပြီး အဲဒီနေ့မှာပဲ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ ဒီယာနာ အာတာမိန့်ထ် က ပြောသွားတာဖြစ်ပါတယ်။
ကြာသပတေးနေ့က ဗီလာဗင်ဆန့်စီယိုရဲ့ ရုပ်အလောင်းထားရှိရာ မြို့တော်ရှိ သင်္ချိုင်းအဝင်ဝမှာ သူ့ကို ထောက်ခံသူတွေနဲ့ ရာဇ၀တ်မှုကြောင့် ဒေါသထွက်နေကြတဲ့ ပြည်သူတွေ စုရုံးရောက်ရှိခဲ့ကြ ပါတယ်။
အီကွေဒေါ ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ဖမ်းဆီးရမိခဲ့တဲ့ သံသယရှိသူတွေ အားလုံးဟာ နိုင်ငံခြားသားတွေချည်း ဖြစ်ကြပြီးတော့ သူတို့ထဲက ၁ ဦး သေဆုံးသွားပြီး ကျန် ၆ ဦးကို ထိန်းသိမ်းထားပါတယ်။
သမ္မတ ရွေးကောက်ပွဲ မတိုင်မီ ၂ ပတ်အလို သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် တောင်အမေရိကနိုင်ငံကို တုန်လှုပ်ချောက်ချားစေခဲ့ပြီး နိုင်ငံတွင်း အကြမ်းဖက်မှုတွေ မြင့်တက်နေ တဲ့ ပြဿနာက ရှေ့ဆုံးကို ရောက်ရှိလာခဲ့ပါတယ်။
Source-Reuters











