
ရုရှားနိုင်ငံဟာ ကြီးမားတဲ့အတိုင်းအတာနဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုကို အာတိတ်ပင်လယ်ပြင်မှာ ပြုလုပ်နေတယ်လို့ သြဂုတ် ၁၁ ရက်က ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဗီဒီယိုထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုက ရက်အချို့ ကြာမြင့်နိုင်တယ်လို့ မျှော်မှန်းထားသလို တပ်ဖွဲ့ဝင်ပေါင်း ၈၀၀၀ ကျော်အထိ ပါဝင်တယ်လို့လည်း ဖော်ပြပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ချက်ပြန်ထဲမှာတော့ ရေငုပ်သင်္ဘောတွေ၊ စစ်သင်္ဘောတွေနဲ့ လေကြောင်းတပ်ဖွဲ့ အများအပြားအပါအဝင် ဒါဇင်ပေါင်းများစွာသော အကြီးစား စစ်လက်နက် ပစ္စည်းတွေပါ ပါဝင်တယ်လို့ ဖော်ပြထားတယ်။
ဒါ့အပြင် အာတိတ်ဒေသထဲက ရုရှားနိုင်ငံရဲ့ ကျယ်ပြန့်လှတဲ့ နယ်မြေပိုင်နက်ဟာ မဟာဗျူဟာ မြောက် အကျိုးစီးပွားအတွက် အလွန်အရေးပါတယ်လို့ ရှုမြင်ထားပါတယ်။
ဒါကြောင့် ဒေသတွင်းမှာ ရုရှားဘက်က စစ်ရေးစွမ်းရည်ကို နှစ်ပေါင်း များစွာကြာအောင် တည်ဆောက်လာတဲ့အတွက် အနောက်နိုင်ငံတွေရဲ့ စိုးရိမ်မှု မြင့်တက်လာခဲ့ပါတယ်။
Source-Reuters











