
ထိပ်တန်းကလပ်တွေအနေနဲ့ ဘရိုက်တန်ကစားသမားတွေကို ဝယ်ယူနိုင်ပေမဲ့ အသင်းစိတ်ဓာတ်ပိုင်းကိုတော့ ဝယ်ယူလို့မရဘူးလို့ နည်းပြ ဒီဇာဘီကပြောသွားပါတယ်။
ဘရိုက်တန်အသင်းဟာ အခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ ဂိုးသမားဆန်းချက်ဇ်ကို ချဲလ်ဆီး၊ အယ်လစ္စတာကို လီဗာပူးအသင်းဆီ ရောင်းချခဲ့သလို ကွင်းလယ်လူ ကိုယ်ဆယ်ဒိုကိုလည်းရ ရောင်းချတော့မှာပါ။
အသင်းမှာရှိနေတဲ့ကစားသမားတွေအပေါ် အားရကျေနပ်မှုရှိပြီး တိုးတက်မှုတွေ ဆက်လက်ထိန်းသိမ်းသွားချင်ကြောင်း၊ အသင်းကြီးတွေအနေနဲ့ အသင်းရှိကစားသမားတွေကို ဝယ်ယူလို့ရပေမဲ့ အသင်းရဲ့ ဝိဉာဉ်နဲ့ စိတ်ဓာတ် ပြင်းပြမှုကို ဝယ်ယူလို့မရကြောင်း နည်းပြဒီဇာဘီက ပြောပါတယ်။
အသင်းမှာ ကစားသမား အင်အားလုံလောက်မူမရှိသေးတာကိုတော့ နည်းပြဒီဇာဘီက ဝန်ခံခဲ့ပြီး ပြည့်စုံတဲ့အသင်းဖြစ်ဖို့ တည်ဆောက်သွားရမယ်လို့ ပြောသွားပါတယ်။










