DVB Logo
Home
မြန်မာသတင်း
လိုင်ဇာ တံခါးပိတ်ဆွေးနွေးပွဲ နိုင်ငံရေး ဦဆောင်ကော်မတီ ဖွဲ့စည်း
DVB
·
July 25, 2014
လိုင်ဇာ တံခါးပိတ်ဆွေးနွေးပွဲ နိုင်ငံရေး ဦဆောင်ကော်မတီ ဖွဲ့စည်း
Donate to DVB

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့ဝင်တွေ မနေ့က လိုင်ဇာမြို့မှာ တံခါးပိတ်ဆွေးနွေးပြီး နိုင်ငံရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။

ဦးဆောင်ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖော၊ ဒုဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ဂမ်ရှောင် အတွင်းရေးမှူးအဖြစ် ခူးဦးရယ်တို့အပါအ၀င် အန်စီစီတီ အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ၁ ဦးဆီပါဝင်ပြီး ဦးဆောင်ကော်မတီကနေ နိုင်ငံရေး ဦးဆောင်မူတွေ ဆက်လုပ်သွားမယ်လို့ အန်စီစီတီ အဖွဲ့ဝင် ခွန်ဥက္ကာက ပြောပါတယ်။

LiazaNCCTforPeace24072014(3“ဥက္ကဋ္ဌက ဗိုလ်ချုပ်ကြီး မူတူးဆေးဖော၊ ဒုဥက္ကဋ္ဌက ဗိုလ်ချုပ်ကြီးဂမ်ရှောင်၊ အတွင်းရေးမှူးက ခူးဦးရယ် ဒီဦးဆောင်ကော်မတီက နိုင်ငံရေး ဦးဆောင်တာပဲ။ တကယ့် အခမ်းအနား ကျင်းပ တာတွေလည်း ဆက်လုပ်သွားမှာပေါ့။ ဦးဆောင်ကော်မတီက အစည်းအဝေးကို ကွပ်ကဲမယ်၊ ကြီးကြပ်မယ် နိုင်ငံရေးအရ ဦးဆောင်မယ်။ အမေရိကန်ရဲ့ ဆီးနိတ်လိုပေါ့ ကြားမယ်။ အန်စီစီတီ ဆိုတဲ့ လုပ်ငန်းလုပ်ထားတဲ့အဖွဲ့ဟာ ကိုယ်ဘာလုပ်ထားသလဲဆိုတာ လာတင်ပြမယ်။ အဲဒီလို ခွဲလိုက်တာပေါ့။”

ဒီကနေ့ တံခါးပိတ် အစည်းအဝေးတက်ရောက်ခဲ့တဲ့ အန်စီစီတီ အဖွဲ့ဝင် ဦးစောကျော်ညွန့်ကလည်း ဦးဆောင်ကော်မတီက အပစ်အခတ် ရပ်စဲရေး မူကြမ်းကို ဆက်လက်ဆွေးနွေးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ဇူလိုင် ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ အန်စီစီတီ ထိပ်သီးအစည်းအဝေးကို ၃ ရက်တာကျင်းပဖို့ စီစဉ်ထားပေမယ့် ဒီကနေ့ တံခါးပိတ် အစည်းအဝေးကြောင့် တရက်နောက်ဆုတ်ပြီး ဇူလိုင် ၂၅ ရက်နေ့ စတင်ကျင်းပမှာဖြစ်ပါတယ်။

အန်စီစီတီ အစည်းအဝေးကို ၀နဲ့ မိုင်းလားအဖွဲ့က တက်ရောက်နိုင်ခြင်းမရှိပဲ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ကတော့ မတက်ရောက်တာဟာ ဖိတ်စာလက်ခံရရှိတာ အချိန်ကပ်လွန်းသလို တပြည်လုံး အပစ်ရပ်သဘောတူညီချက် ဒုတိယမူကြမ်းကို အသေးစိတ် မလေ့လာရသေးတဲ့အတွက် ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013