DVB Logo
Home
မြန်မာသတင်း
လိင်တူချင်း လက်ထပ်ထိမ်းမြားမှု ကေအန်ယူဥပဒေနှင့် မကိုက်ညီ
DVB
·
August 11, 2023
လိင်တူချင်း လက်ထပ်ထိမ်းမြားမှု ကေအန်ယူဥပဒေနှင့် မကိုက်ညီ
Donate to DVB


လိင်စိတ်ခံယူမှုကွဲပြားသူ (သို့မဟုတ်) လိင်တူချစ်သူ အချင်းချင်းလက်ထပ်ထိမ်းမြားခြင်းဟာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ရဲ့ မူဝါဒ ပြဋ္ဌာန်းချက်နဲ့ကိုက်ညီမှုမရှိသေးသလို ကေအန်ယူရဲ့ ဥပေပေဒ ပြဋ္ဌာန်းချက်တွေနဲ့ ညှိစွန်းတယ်လို့ ဩဂုတ် ၁၀ ရက်က ပြုလုပ်တဲ့ ကေအန်ယူ သတင်းစာရှင်းလင်းပွဲမှာ ကေအန်ယူ ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့ခဲ့တဲ့ ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း လိင်တူချင်း လက်ထပ်ထိမ်းမြားခြင်းနဲ့ပတ်သက်ပြီး ကေအန်ယူ ဒူးပလာယာခရိုင်တွဲဘက်အတွင်းရေးမှုူး စောမိုးအဲ့ဒို့ရဲ့ လက်မှတ်နဲ့ ဒီကိစ္စဟာ ကေအန်ယူရဲ့ ရာဇဝတ်မှု ဥပဒေပုဒ်မကို ကျူးလွန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်စဉ်အပေါ် မနေ့က သတင်းစာရှင်းလင်းပွဲမှာ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မီတီ အဖွဲ့ဝင် ပဒိုနော်ဒါးဒါးက ဒါဟာ ကေအန်ယူရဲ့ ရာဇဝတ်ဥပဒေ ပုဒ်မ ၂၃၈ အရ ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ပြစ်မှုမြောက်ကြောင်းနဲ့ ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
“ဇူလိုင်လတုန်ကတော့ ကျမတို့ သတင်းကြားပါတယ်။ လိင်တူချင်းလက်ထပ်တယ်ဆိုတာ သတင်းကြားခဲ့တယ်။ ဒါပေမဲ့လို့ ဒီလက်ထပ်တဲ့ သူတွေကိုယ်နှိုက်က သူတို့တွေက ကရင်လူမျိုးတွေမဟုတ်ဘူးပေါ့နော်။ တခြားလူမျိုးကွဲတွေဖြစ်တယ်။ အဲဒီလူမျိုးကွဲတွေ ဖြစ်တဲ့အတိုင်းပဲ ကျမတို့ရဲ့ တပ်မဟာ ၆ နယ်မြေမှာ လာပြီးတော့ ဒီလိုလုပ်တယ်ဆိုတာက ကျမတို့ရဲ့ ကရင့်ထုံးတန်းစဉ်လာ ယဉ်ကျေးမှုမှာလည်း ဒီလိုမရှိခဲ့ဘူး။ ဒါကြောင့်မို့ ဒီလိုမျိုး လုပ်ခြင်းအားဖြင့် ကျမတို့ကို လာပြီးတော့ ကျမတို့ရဲ့ ယဉ်ကျေးမှုကို ထိခိုက်စေတယ်။ ဒါကျမတို့အနေနဲ့လက်ခံလို့မရဘူး။ နောက်ပြီးတော့ ကျမတို့ ယဉ်ကျေးမှုကို စော်ကားတယ်လို့ပဲ ကျမတို့ မြင်ပါတယ်ပေါ့နော်။ အဲဒီအချက်ကို ကျမတို့တကယ် ရာဇဝတ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာ ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း ပုဒ်မ ၂၃၈ အရ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ ပြစ်မှုမြောက်တယ်ပေါ့နော်။ အဲဒါကို ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း ပြစ်ဒဏ်က ထောင် ၅နှစ်အထိ ချမှတ်နိုင်တယ်ဆိုတာ ပြဋ္ဌာန်းတာပါတယ်ဆိုတာ ဖြေကြားလိုပါတယ်။”
ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ထပ်လောင်း ဖြည့်စွက်ပြောဆိုရာမှာ LGBT အခွင့်အရေးဟာ ကရင့်လူမှုအသိုင်းအဝိုင်းမှာ ပညာပေးနိုင်တဲ့အနေအထား မရှိသေးသလို ကရင်လူ့အဖွဲ့အစည်းကလည်း လက်ခံနိုင်တဲ့အနေအထားမရှိသေးတဲ့အတွက် တဦးချင်းရဲ့ ရပိုင်ခွင့်အသုံးချမှုမှာ မိမိရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းမတူတဲ့ လူ့အဖွဲ့အစည်းအတွက် အနှောင့်အယှက်မဖြစ်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
“ Human rightsလို့ ပြောလိုက်တဲ့ နေရာမှာ လူ့အခွင့်အရေးကို ကျင့်သုံးမှုနဲ့ Human rights အထဲမှာပါတဲ့ လူတဦးချင်းစီရဲ့ အခွင့်အရေးကျင့်သုံးမှုက ပိုပြီးတော့ နှိုက်ရှိုင်းကျယ်ပြန့်တဲ့အခါကျတော့ အထူးသဖြင့် ကျနော်တို့ ကေအန်ယူရဲ့ နယ်မြေဟာ အနှစ် ၇၀ ကျော်ကာ ကျနော်တို့ အစိုးရအဆက်ဆက်နဲ့ ကျနော်တို့ ရင်ဆိုင် တိုက်ပွဲဝင်နေရတဲ့ကာလ ကျနော်တို့ အုပ်ချုပ်ရေးတွေ ချထားတယ်ဆိုပေမဲ့ တကယ့် ပြည်သူလူထုတွေရဲ့ traditional life style နဲ့ ကျနော်တို့ ကျင့်ထုံးတွေပေါ့နော် မိရိုးဖလာ ကျင့်ထုံးတွေက အစ အားလုံးကို ကျနော်တို့က သုံးသပ်ပြီးတော့ အထူးသဖြင့် LGBT အခွင့်အရေးလိုအဟာမျိုးကို ကျနော်တို့ ပြည်သူတွေကို ပညာပေးနိုင်တဲ့အနေအထား မရှိသေးပါဘူး။ ကျနော်တို့ လူ့အဖွဲ့အစည်းကလည်း ဒီဟာကို လက်ခံနိုင်တဲ့အနေအထားမရှိသေးပါဘူး။ အဲတော့ ဒီနေရာမှာ မတူညီတဲ့ လူ့အခွင့်အရေး ကျင့်သုံးတဲ့နေရာမှာ မိမိ လူ့အခွင့်အရေးကျင့်သုံးမှုက တဖက်မှာ မိမိရဲ့ လူတဦးချင်းရဲ့အခွင့်အရေးကျင့်သုံးမှုဟာ ကိုယ့်ရဲ့ society ၊ community ရဲ့ အခွင့်အရေးကို သွားမထိခိုက်ဖို့ဆိုတာကိုလည်း အရေးကြီးတယ်လို့ကျနော် ပြောလိုပါတယ်။ ဒါကြောင့် တဦးချင်းရပိုင်ခွင့်၊ အသုံးချမှုကိုလေးစားတယ်။ သို့သော် တဦးချင်းရပိုင်ခွင့်အသုံးချမှုကြောင့် မိမိရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းမတူတဲ့ လူ့အဖွဲ့အစည်းအတွက်အနှောင့်အယှက်မဖြစ်ဖို့ လိုအပ်တယ်ဆိုတာ ပြောလိုပါတယ်။”
မြန်မာအပါအဝင် အာဆီယံဒေသတွင်းနိုင်ငံတွေမှာ လိင်တူချင်း လက်ထပ်ထိမ်မြားတာတွေ မကြာခဏ ကြားနေရပေမဲ့ ဥပဒေအရပြဋ္ဌာန်းပြီး တရားဝင်ခွင့်ပြုတာတော့ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013