DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူ လယ်သမားများကို ရပ်ဝေးထောင်ပို့
DVB
·
July 24, 2014
ကန့်ဘလူ လယ်သမားများကို ရပ်ဝေးထောင်ပို့
Donate to DVB

စစ်ကိုင်းတိုင်း ကန့်ဘလူမှာ တပ်သိမ်းမြေထဲ ၀င်ရောက်ထွန်ယက်လို့ တရားစွဲဆို ထောင်ချခံထားရတဲ့ တောင်သူ ၂၀ လောက်ကို ရပ်ဝေးထောင်တွေဆီ ပို့လိုက်တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

[caption id="attachment_60934" align="alignright" width="300"]တပ်သိမ်းမြေထဲ ၀င်ရောက်ထွန်ယက်လို့ တရားစွဲဆို ထောင်ချခံထားရတဲ့ တောင်သူများ တရားရုံးတွင် တွေ့ရစဉ် တပ်သိမ်းမြေထဲ ၀င်ရောက်ထွန်ယက်လို့ တရားစွဲဆို ထောင်ချခံထားရတဲ့ တောင်သူများ တရားရုံးတွင် တွေ့ရစဉ်[/caption]ထွန်တုံးတိုက်ပွဲဝင်တဲ့ တောင်သူ ၄၀၀ လောက် တရားစွဲခံထားရပြီး အဲ့ဒီထဲ ၅၀ ကျော်ဟာ ရွှေဘိုထောင်မှာ ထောင်ချခံထားရတာဖြစ်ပါတယ်။ ဇူလိုင်လ ၂၂ ရက်မှာ ဒီထဲက ၂၀ လောက် ထောင်ပြောင်းခံရတာလို့ ဒေသခံတောင်သူ တဦးက ပြောပါတယ်။

“လများတဲ့သူတွေကို ရွေ့လိုက်တဲ့ သဘောပါပဲ။ ပုဒ်မ ၄၂၇ တမှုကို ထောင် ၃ လချတာဆိုတော့။ ၁ မှု ၂ မှု ဖြစ်တဲ့သူတွေက မပြောင်းသေးဘူး။ ပြောင်းတဲ့သူတွေက ၂ နှစ်ကျတဲ့သူ ၃ နှစ်ကျတဲ့ သူတွေပြောင်းတယ်။ ထောင် ၂ နှစ်ကျတဲ့သူ အနည်းဆုံး ၁ နှစ်ကျော်က စပြောင်းတယ်လေ။ အားလုံး လူ ၂၀ လောက် ရှိပါတယ်။ မြင်းခြံ၊ ပခုက္ကူ ၊ ပဲခူး ပြောင်းပါတယ်။”

လာမယ့် ဇူလိုင် ၂၈ ရက်မှာ တောင်သူ ၁၈ ဦးကို ထပ်မံရုံးထုတ်ပြီး ထောင်ချဖို့ ရှိနေတယ်လို့လည်း ပြောပါတယ်။

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း သိမ်းဆည်းခံလယ်ယာ၊ ဖမ်းဆီးခံ လယ်သမားတွေနဲ့ ပတ်သက်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပြီး သဘောထားကြေညာချက်တစောင်ထုတ်ပြန်ကာ တောင်သူတွေ ဖမ်းဆီးထောင်ချနေတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

၈၈ လယ်ယာမြေတာဝန်ခံတဦးဖြစ်တဲ့ ဦးမျိုးသန့်က အစိုးရအနေနဲ့ လယ်မြေတွေကို စနစ်တကျ ပြန်မပေးဘူးလို့ ပြောပါတယ်။

“အစိုးရက နဂိုကတည်းက ဒီအစိုးရတက်လာတဲ့ အချိန်မှာကတည်းက ဒီပြဿ နာတွေ စပေါ်ခဲ့တာ။ အဲဒီတုန်းက စနစ်တကျသာ စီမံခန့်ခွဲခဲ့မယ်ဆိုရင် ဒီပြဿ နာတွေ ပေါ်မှာ မဟုတ်ဘူး။ အခုလောက်ဆို တော်တော်များများ မြေယာတွေ ပြန်ရနေလောက်ပြီ။ အခုဟာက စနစ်ကျ စီမံဆောင်ရွက်ဖို့ နည်းလမ်းတွေ ရှိရဲ့သားနဲ့ ပြန်ပြီးမပေးတာ။ ပေးချင်စိတ် မရှိလို့ မပေးတဲ့ ကိစ္စ၊ အဲဒါကြောင့် ဒီအခြေအနေတွေ အခုလို လတ်တလော ပြဿ နာတွေ ဆက်ပေါ်နေတာ။”

မြေယာပြဿ နာတွေနဲ့ ပတ်သက်ပြီး တနိုင်ငံလုံးမှာ တောင်သူ ၁၂၀၀ ကျော် တရားစွဲခံထားရပြီး ၁၀၀ကျော် ထောင်ကျနေကြတယ်လို့လည်း ပြောပါတယ်။

အခုနှစ်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်း၊ တနင်္သာရီတိုင်း ထားဝယ်၊ စစ်ကိုင်းတိုင်း ကန့်ဘလူနဲ့ ပဲခူးတိုင်း သဲကုန်းမြို့တို့က လယ်သမားတွေ အစုလိုက်အပြုံလိုက် ဖမ်းဆီးထောင်ချခံနေရတာတွေဟာ အစိုးရက လယ်မြေပြသနာတွေကို ပြေလည်အောင် မဖြေရှင်းပေးနိုင်တာ ဖော်ပြနေတာပဲလို့ ၈၈မျိုးဆက်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013