DVB Logo
Home
နိုင်ငံတကာ
ပြည်ပအလှူငွေဖြင့် လူသားချင်းစာနာကယ်ဆယ်ရေးရန်ပုံငွေ တည်ထောင်ခဲ့သူ  ၁၀ ဦးကို ဟောင်ကောင်ရဲ ဖမ်းဆီး
DVB
·
August 11, 2023
ပြည်ပအလှူငွေဖြင့် လူသားချင်းစာနာကယ်ဆယ်ရေးရန်ပုံငွေ တည်ထောင်ခဲ့သူ  ၁၀ ဦးကို ဟောင်ကောင်ရဲ ဖမ်းဆီး
Donate to DVB

လူသားချင်းစာနာမှု ကယ်ဆယ်ရေး ရန်ပုံငွေကိစ္စနဲ့ စပ်လျဉ်းပြီး ပြည်ပ အင်အားစုတွေနဲ့  ပူးပေါင်းကြံစည်မှု၊ အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်မှုတွေအတွက် ဟောင်ကောင် အမျိုးသားလုံခြုံရေးရဲတပ်ဖွဲ့ဟာ သြဂုတ် ၁၀ ရက်က လူ ၁၀ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ 

"612 လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေးရန်ပုံငွေ" ခေါင်းစဉ်နဲ့ ပြည်ပအဖွဲ့အစည်းတွေဆီက အလှူငွေတွေ ရယူပြီး ပြည်ပရောက်သူတွေကို ထောက်ပံ့တဲ့အဖွဲ့တွေကို ကူညီဖို့နဲ့ ဟောင်ကောင်အပေါ် ပိတ်ဆို့အရေးယူမှုတွေကို မြှင့်တင်ရာမှာ ကူညီပေးဖို့တွေကို ပူးပေါင်းကြံစည်မှုနဲ့ အသက် ၂၆ နှစ်မှ ၄၃ နှစ်ကြား အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဟောင်ကောင် ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ ၁၀ ဦးကို ဘယ်သူဘယ်ဝါ မဖော်ထုတ်ထားပေမယ့် သူတို့ရဲ့ နေအိမ်နဲ့ ရုံးခန်းတွေကို ရှာဖွေ နေပြီး စာရွက်စာတမ်းတွေနဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ဘိုဘိုယစ်ပ်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားတာကို ရိုက်တာ မြင်တွေ့ခဲ့ပါတယ်။ 

ကယ်ဆယ်ရေးရန်ပုံငွေကို ၂၀၁၉ ခုနှစ်မှာ  စတင်တည်ထောင်ခဲ့ပြီး အဖမ်းခံထားရတဲ့ ဆန္ဒပြသူတွေ ကို တရားဥပဒေနဲ့ ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်တွေ ပေးဆောင်ရာမှာ ကူညီပေးခဲ့ပါတယ်။

သံသယရှိသူတွေကို စုံစမ်းနေဆဲဖြစ်ပြီး နောက်ထပ် ဖမ်းဆီးမှုတွေကိုတော့ မရှင်းလင်းရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013