DVB Logo
Home
မြန်မာသတင်း
မိုးကောင်းမြို့နယ်၌ ချောင်းရေကြီးပြီး ဒေသခံများ စားနပ်ရိက္ခာနှင့် ခရီးသွားလာရေးအခက်ကြုံ 
DVB
·
August 11, 2023
မိုးကောင်းမြို့နယ်၌ ချောင်းရေကြီးပြီး ဒေသခံများ စားနပ်ရိက္ခာနှင့် ခရီးသွားလာရေးအခက်ကြုံ 
Donate to DVB

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာတာကြောင့် နန့်ကောင်းချောင်းရေနဲ့  နန့်ရင်းချောင်းရေဟာ သြဂုတ် ၁၀ ရက်မှာ စိုးရိမ်ရေအမှတ်ကို ကျော် လွန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သြဂုတ် ၁၀ ရက် ညနေ ၆ နာရီအထိ နန့်ရင်းချောင်းရေဟာ ၆၃၇ စင်တီမီတာရှိပြီး နန့်ကောင်းချောင်းရေဟာ ၆၀၆ စင်တီမီတာနဲ့  ချောင်းနှစ်ခုစလုံးဟာ  စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာ အထက်ကို ရောက်ရှိနေပါတယ်။

ချောင်းရေကြီးပြီး လက်ရှိမှာအချိန်ထိ မြို့ပေါ် ရပ်ကွက် ၅ ခုလောက်မှာ ရေဝင်နေတာ တပတ်ကျော်ကာလရှိပြီဖြစ်တဲ့အတွက် မြို့ခံတွေအတွက် စားနပ်ရိက္ခာနဲ့  သွားလာရေးအခက်ခဲရှိနေပါတယ်။

မြို့ခံလူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက “ဒါက ဒုတိယအကြိမ်ပေါ့။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အခုလို ရေတက်သေးတယ်။ အခုက ပိုများတယ်။ ရေကလည်း တန့်နေတော့လောလောဆယ် ရေဝင်တာ များတဲ့ရပ်ကွက်ကို အရင်ကယ်ဆယ်ရေးလုပ်ထားတယ်။ ရေဝင်တဲ့အိမ်တွေကို စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းပို့ထားတယ်”လို့ ပြောပါတယ်။

မြေနိမ့်ပိုင်းဖြစ်တဲ့ ကျွန်းတော၊ မြို့ဦးနဲ့ နန့်ရင်းရပ်ကွက်တွေမှာ ရေဝင်တာ ကြာနေပြီဖြစ်လို့ စားနပ်ရိက္ခာနဲ့  ဆေးဝါးကူညီမှုတွေကို တပိုင်တနိုင်ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

သြဂုတ် ၄ ရက် မနက်အစောပိုင်းကလည်း နန့်ရင်းရပ်ကွက်မှာရှိတဲ့ နန့်ရင်းချောင်းကမ်းပါးနံရံ နိမ့်ကျမှုကြောင့် ရေလျှံခဲ့ပြီး ရပ်ကွက်နေသူတချို့၊ လူမှုကူညီရေးအသင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စုပေါင်း ထိန်းသိမ်းခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013