DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန် သမ္မတက ပါလီမန်ကို ဖျက်သိမ်း
DVB
·
August 10, 2023
ပါကစ္စတန် သမ္မတက ပါလီမန်ကို ဖျက်သိမ်း
Donate to DVB

ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်ရဲ့ အကြံပြုချက်အရ ပါကစ္စတန်နိုင်ငံရဲ့ ပါလီမန်လွှတ်တော်ကို သြဂုတ် ၉ ရက် ညနှောင်းပိုင်းမှာ သမ္မတက ဖျက်သိမ်းခဲ့ပြီး နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေ ကြားမှာ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် စီစဉ်လုပ်ဆောင်တာလို့ ဆိုပါတယ်။

သြဂုတ် ၁၂ ရက်မှာ သက်တမ်းကုန်ဆုံးမယ့် လွှတ်တော်ရဲ့ ၅ နှစ်သက်တမ်း မတိုင်ခင် ၃ ရက်အလိုမှာ ဝန်ကြီးချုပ် ရှရစ်ဖ်ရဲ့ အကြံပြုချက် ထွက်ပေါ်လာတာပါ။

ရက်ပေါင်း ၉၀ အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပဖို့အတွက် ဖျက်သိမ်းလိုက်တဲ့ လွှတ်တော်မှာ ရှရစ်ဖ်နဲ့ အတိုက်အခံခေါင်းဆောင်တဦးတို့က အိမ်စောင့်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ကို ရွေးချယ်ထားခဲ့မှာ ဖြစ်ပါတယ်။

အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းဖို့ နှစ်ဖက်လုံးက အကြံပြုထားတဲ့ ကိုယ်စားလှယ်လောင်းတွေထဲကနေ ရွေးချယ်ဖို့အတွက် သြဂုတ် ၁၀ ရက်မှာ အတိုက်အခံ ခေါင်းဆောင်နဲ့ စတင်ဆွေးနွေးတော့မှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါပေမဲ့လည်း သန်းခေါင်စာရင်းအသစ်ကို အခြေခံပြီး ရာနဲ့ချီတဲ့ မဲဆန္ဒနယ်တွေကို ပြန်လည် စတင်ရေးဆွဲဖို့ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတာကြောင့် မဲပေးမှုကို လနဲ့ချီပြီး ရွှေ့ဆိုင်းထားနိုင်ပါတယ်။

ရွေးကောက်ပွဲ နှောင့်နှေးမှု မှန်သမျှဟာ လူထုရဲ့ဒေါသကို တိုးစေပြီး နျူးကလီးယား လက်နက်နိုင်ငံမှာ မသေချာ မရေရာမှုတွေကို တိုးလာစေတယ်လို့ လေ့လာသူတွေက ပြောဆိုကြပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013