DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့အဖြစ် ဂျကာတာ သတ်မှတ်ခံရ
DVB
·
August 10, 2023
Donate to DVB

အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာဟာ ဩဂုတ် ၉ ရက်မှာ ကမ္ဘာ့လေထုညစ်ညမ်းမှု အမြင့်ဆုံးမြို့အဖြစ် ထိပ်ဆုံးက ရပ်တည်နေတယ်လို့ ဆွစ်ဇာလန် လေထုအရည်အသွေး နည်းပညာကုမ္ပဏီ IQAir ရဲ့ အချက်အလက်တွေအရ သိရတယ်။

လူဦးရေ ၁၀ သန်းကျော်နေထိုင်တဲ့ ဂျကာတာမြို့ဟာ  ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လေထုညစ်ညမ်းမှု အဆင့်ကို နေ့စဉ်နီးပါးရောက်ရှိနေတယ်လို့  IQAir က သိရပါတယ်။

ဂျကာတာမြို့မှာ နေထိုင်သူ ရစ်ဇ်ကီပူထရာက ပိုဆိုးလာတဲ့ လေထုအရည်အသွေးဟာ သူ့ကလေးတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတယ်လို့ ညည်းတွား ပြောပါတယ်။

အခြေအနေက အရမ်းစိုးရိမ်စရာလို့ ကျနော်ထင်ပါတယ်လို့ အသက် ၃၅ နှစ်ရှိ ရစ်ဇ်ကီက ပြောပါတယ်။

“ကလေးတော်တော်များများ ချောင်းဆိုးတာနဲ့ အအေးမိတာစတဲ့ တူညီတဲ့ အချက်တွေနဲ့ ဖျားနာနေကြတယ်။”

ဂျကာတာမြို့ခံတွေဟာ ကြာရှည်စွာ ယာဉ်ကြောပိတ်ဆို့မှုတွေ၊ စက်မှုမီးခိုးတွေနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေက အဆိပ်အတောက်ဖြစ်စေတဲ့ လေတွေကို ကာလအတန်ကြာ စောဒကတက်ခဲ့ကြပါတယ်။

သူတို့ထဲက တချို့ဟာ လေထုညစ်ညမ်းမှုကို ထိန်းချုပ်ဖို့ အစိုးရကို အရေးယူဆောင်ရွက်ဖို့ တောင်းဆိုပြီး ၂၀၂၁ ခုနှစ်မှာ အရပ်ဘက်တရားစွဲဆိုမှုတခု စတင်ခဲ့ပါတယ်။

အဲ့ဒီအချိန်က တရားရုံးဟာ သမ္မတ ဂျိုကို ဝီဒိုဒိုက လူသားကျန်းမာရေးကို ကာကွယ်ဖို့ အမျိုးသားလေထုအရည်အသွေး စံနှုန်းတွေကို ချမှတ်ရမှာဖြစ်ပြီး ကျန်းမာရေးဝန်ကြီးနဲ့ ဂျကာတာအုပ်ချုပ်ရေးမှူးတို့ဟာ လေထုညစ်ညမ်းမှုကို ထိန်းချုပ်ဖို့ ဗျူဟာတွေ ရေးဆွဲရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ လေထုအရည်အသွေးအက်ပ် Nafas Indonesia ရဲ့ ပူးတွဲတည်ထောင်သူ နာသန် ရိုစတန်ဒီက လေထုညစ်ညမ်းမှုအဆင့်ဟာ ဆက်လက်ဆိုးရွားနေဆဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“တနေ့ကို ၂၀,၀၀၀ ကျော် အသက်ရှူပါတယ်။ ညစ်ညမ်းတဲ့လေကို နေ့စဉ်ရှူမိရင်  အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ရောဂါတွေ၊ ပန်းနာရင်ကျပ်တောင် ဖြစ်နိုင်ပါတယ်။ ကလေးတွေရဲ့ မှတ်ဉာဏ်ဖွံ့ဖြိုးမှု ဒါမှမဟုတ် စိတ်ကျန်းမာရေးကိုတောင် ထိခိုက်နိုင်ပါတယ်။”

ဩဂုတ် ၈ ရက်က ဂျာကာတာရဲ့ လေထုညစ်ညမ်းမှုပြဿနာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ သမ္မတ ဝီဒိုဒိုက နိုင်ငံရဲ့မြို့တော်ကို ဂျကာတာကနေ နူဆန်တာရာကို ပြောင်းရွှေ့ဖို့ ဖြေရှင်းချက်ဟာ ဘော်နီယိုကျွန်းပေါ်မှာ လက်ရှိတည်ဆောက်နေတဲ့ အစိုးရရဲ့ ဖြေရှင်းချက် ဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားဟာ နူဆန်တာရာကို လာမယ့်နှစ်မှာ မြို့တော်သစ်အဖြစ် အမည်ပေးမှာဖြစ်ပြီး အနည်းဆုံး အရပ်ဘက်ဝန်ထမ်း၊ စစ်ဘက်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၆,၀၀၀ လောက် အဲ့ဒီနေရာသစ်ကို ပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013