DVB Logo
Home
မြန်မာသတင်း
နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ
DVB
·
August 10, 2023
နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့တဖွဲ့ကို ဩဂုတ် ၉ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၄ ယောက် သေဆုံးပြီး တချို့ ဒဏ်ရာသွားတယ်လို့ ဒေသခံ PDF တပ်ဖွဲ့က ပြောပါတယ်။

နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်ထဲက ကျေးရွာတွေကို စစ်ကောင်စီက ဖယ်ရှားခိုင်းထားရာမှာ ဖယ်မဖယ် လာရောက်စစ်ဆေးခဲ့တဲ့ တပ်မ ၆၆ တပ်ကို ဒေသခံ PDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သာယာဝတီခရိုင် အမှတ်-၁ တပ်ရင်း၊ တပ်ခွဲ-၂ Phoenix DF က ဗိုလ်မိုးကြိုးက ပြောပါတယ်။

“သူတို့တပ်က အငိုက်မိသလိုဖြစ်သွားတော့ လေးယောက် သေဆုံးသွားတယ်။ အလောင်းတွေကို ကြက်မနက်ရွာအထိတော့ သယ်သွားကြတယ်။ ဒဏ်ရာရသူတွေလည်း များတယ်။ ပျဉ်းမခေါင်ရွာကိုလည်း မဲပြီး မီးရှို့သွားတယ်။”

ဒီစစ်ကြောင်းကို စစ်ကောင်စီ တပ်မ ၆၆ က ဗိုလ်ကြီးနေမျိုးအောင် စစ်ကြောင်းမှူးအဖြစ် ဦးဆောင်လာတာဖြစ်ပြီး PDF တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတခု ဖြစ်ပွားခဲ့တယ်လို့ နတ်တလင်းမြို့နယ်၊ ကြက်မနက်ကျေးရွာသားတယောက်ကလည်း ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း ဒဏ်ရာရသူတွေကိုတော့ နတ်တလင်းမြို့ဘက်ကို သယ်သွားတာ တွေ့လိုက်ရတယ်လို့ တောင်ညိုဆည် လှေဆိပ်မှာနေတဲ့ ဒေသခံတယောက်က ပြောပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး Phoenix DF က ဗိုလ်မိုးကြိုးက “အဲ့ဒီတောင်ညိုဆယ်ထဲက ရွာတွေကို စစ်ကောင်စီက PDF တွေကို ခိုလှုံခွင့်ပေးထားတယ်၊ PDF တွေကို အားပေးကူညီနေတယ် ဆိုပြီး ရွာတွေကို ဖယ်ခိုင်းထားတာ ကြာတာတော့ ကြာပါပြီ။ ဒါပေမဲ့ ဒေသခံတွေ အများစုကလည်း နေတော့ မနေရဲကြတော့ပါဘူး။ ဒါပေမဲ့ စိုက်ခင်းတွေက ကျန်နေတော့ သွားသွားကြည့်ရတာပေါ့။ အဲ့ဒါကို စစ်ကောင်စီကလည်း သိတယ်။ အခုလည်း နယ်မြေရှင်းလင်းရေး လာလုပ်မယ်ဆိုတာကို သိလို့ မနေ့က နေ့လယ် ၁ နာရီကျော်လောက်မှာ လမ်းကနေ ကြားဖြတ်မိုင်းနဲ့ ဆွဲလိုက်ပြီး ဝိုင်းပစ်လိုက်ကြတော့ တိုက်ပွဲလေးတော့ ဖြစ်သွားတယ်” လို့ ပြောပါတယ်။

အခုတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို တောင်ညို ရဲကင်းစခန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းကိုင်ဖြေဆိုခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013