Home
နိုင်ငံတကာ
ဗာကီတာ လင်းရှူး ငါးမျိုးစိတ် မျိုးသုဉ်းမည့်အန္တရာယ်ရှိနေ
DVB
·
August 10, 2023

မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ်ရှိနေတဲ့ ဗာကီတာ လင်းရှူး ငါးမျိုးစိတ်ဟာ ခုတော့ စုစုပေါင်း အကောင်ရေ တဒါဇင်အောက်ထိ လျော့ကျသွားလို့ မျိုးသုဉ်းမှုဆိုင်ရာ တပ်လှန့်သတိပေးချက် ထုတ်ပြန်လိုက်တယ်လို့ နိုင်ငံတကာ ဝေလငါးဖမ်းဆီးမှုဆိုင်ရာ လုပ်ငန်းကော်မရှင် (IWC) က သြဂုတ် ၇ ရက်မှာ ပြောပါတယ်။

မက္ကဆီကိုနိုင်ငံ ကယ်လီဖိုးနီးယားပင်လယ်ကွေ့မှာ ပေါက်ဖွားပြီး တိုတိုဘာလို့ခေါ်တဲ့ ကမ္ဘာ့အသေးဆုံး လင်းရှူးမျိုးနွယ် ငါးဟာ အာရှမှာ အလွန်အမင်း တန်ဖိုးရှိတဲ့ သူ့ဆီးအိမ်ကြောင့် တရားမဝင် ဖမ်းဆီးခံနေရပြီး မက္ကဆီကိုအစိုးရက  တရားမဝင်ငါးဖမ်းမှုတွေကို နှိမ်နင်းဖို့ ဖိအားပေးခံနေရပါတယ်။

၂၀၁၅ နဲ့ ၂၀၁၈ ခုနှစ်ကြားမှာ ဗာကီတာ လင်းရှူး စုစုပေါင်း ၉ ကောင်ကနေ ၁၀ ကောင်သာ ကျန်ရစ်ပြီး အကောင်ရေ ၈၃ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ IWC ရဲ့ သိပ္ပံကော်မတီက အစီရင်ခံစာမှာ မီးမောင်းထိုးပြထားပါတယ်။

ဝေလငါး လင်းပိုင် လင်းရှူးတို့ အပါအဝင် ရေနေနို့တိုက်သတ္တဝါ မျိုးစိတ်တွေနဲ့ အကောင်ရေ တိုးပွားလာစေဖို့ မျိုးသုဉ်းမှာ စိုးရိမ်ချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ လုပ်ငန်းစဉ်အသစ်တရပ် လိုအပ်နေတယ်လို့  IWC က ပြောပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024