DVB Logo
Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော်တွင် ပီအာစနစ်အဆိုအောင်
DVB
·
July 24, 2014
ပြည်သူ့လွှတ်တော်တွင် ပီအာစနစ်အဆိုအောင်
Donate to DVB

[caption id="attachment_60907" align="alignright" width="300"]အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) က ပုဇွန်တောင်မြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးအောင်ဇင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) က ပုဇွန်တောင်မြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးအောင်ဇင်[/caption]

ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် ပီအာကျင့်သုံးဖို့အဆိုကို ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်က ဆွေးနွေးဖို့ လက်ခံသဘောတူလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) က ပုဇွန်တောင်မြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးအောင်ဇင်က ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်က လက်ခံဆွေးနွေးဖို့ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ကန့်ကွက်သူ ၄၅ ဦးပဲရှိလို့ ဆက်လက်ဆွေးနွေးဖို့ သဘောတူလိုက်တာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ပီအာစနစ်ကျင့်သုံးဖို့ အဆိုတင်ခဲ့တဲ့ ဦးအောင်ဇင်က သူ ဘာကြောင့် ဒီအဆိုတင်ရသလဲဆိုတာကို အခုလို ပြောပြပါတယ်။

“ပီအာပဲပြောရမှာပေါ့နော်။ ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ကျနော်တို့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ဖြတ်သန်းလာတယ်။ အဲဒီလို ဖြတ်သန်းလာတဲ့အခါမှာ ဒီမိုကရေစီရဲ့ အသွင်လက္ခဏာတွေက ဘာတွေလဲ၊ ဒီမိုကရေစီရဲ့ အရေးကြီးတဲ့ အချက်တွေက ဘာတွေလဲ၊ ဒီမိုကရေစီမှာ ဘာတွေ ဖြည့်ဆည်းရမလဲ၊ အဲဒီလို ဒီမိုကရေစီရဲ့ အနှစ်သာရကို စဉ်းစားပြီးတော့မှ ကျနော်တို့ပါတီအနေနဲ့က ပီအာဆိုတဲ့ စနစ်ကို တင်လိုက်တာပဲ။ ဘာလို့ ပီအာဆိုတဲ့ စနစ်ကို တင်ရလဲဆိုတာ ကျနော်ပြောချင်တာက ပီအာက ဘာဖြစ်လဲဆိုတော့ ဒီမိုကရေစီက အများဆန္ဒ၊ အများဆန္ဒကို အများဆုံး ဖော်ပြနိုင်တာက ပီအာပဲလေ။ ဒါကြောင့်မို့လို့ ဒီမိုကရေစီ ပိုကျတာကတော့ ပီအာပဲလို့ ယုံကြည်လို့ ဒါကိုတင်လိုက်တာပဲ။”

ပြည်သူ့လွှတ်တော်မှာ ပီအာစနစ်ကျင့်သုံးဖို့ အဆိုတင်တာကို ကန့်ကွက်တဲ့အနေနဲ့ တိုင်းရင်းသားအမတ်တချို့လွှတ်တော်မတက်ဘဲ နေခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော်မှာ အမတ်ဦးရေ ၄၂၂ ယောက်ရှိပြီး ဒီနေ့ကျင်းပတဲ့လွှတ်တော်ကို အမတ် ၃၅၆ ယောက် တက်ရောက်ခဲ့ပါတယ်။

ဒီထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တွေအပါအ၀င် ပြည်သူ့လွှတ်တော် အမတ် ၄၅ ယောက်က ပီအာစနစ်အဆိုကို ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လထဲ ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော်ထဲ ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် (ပီအာ) ကျင့်သုံးဖို့အဆိုတင်ခဲ့ပြီး အဆို အောင်ခဲ့ပါတယ်။ ခုတခါ ပြည်သူ့လွှတ်တော်မှာ ဆက်လက်တင်ပြီး အဆိုအောင်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013