DVB Logo
Home
နိုင်ငံတကာ
ဆူဒန်တွင် တိုက်ပွဲဖြစ်ပြီး အရပ်သား ၂၀ ထက်မနည်း သေဆုံး
DVB
·
August 9, 2023
Donate to DVB

ဆူဒန်နိုင်ငံရဲ့ မြို့တော်ဧရိယာမှာ ဆူဒန်စစ်တပ်နဲ့ အမြန်တုံ့ပြန်ရေးတပ်ဖွဲ့ (RSF) တို့အကြား သြဂုတ် ၈ ရက်က နောက်ဆုံးတိုက်ပွဲတွေအတွင်း အရပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

ခါတွမ်၊ ခါတွမ်မြောက်ပိုင်းနဲ့ အွမ်ဒူရ်မန်မြို့တွေရဲ့ အစိတ်အပိုင်းတွေ ပါဝင်နေတဲ့ အဲဒီဧရိယာမှာ ဧပြီလလယ်ကတည်းက စစ်ဖြစ်ပွားနေတဲ့ ၂ ဖွဲ့အကြား အကြမ်းဖက်မှုတွေ ကြုံနေရတာဖြစ်ပြီး အင်္ဂါနေ့ကတော့ အွမ်ဒူရ်မန်မြို့မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာခဲ့ပါတယ်။

ဆူဒန်စစ်တပ်ရဲ့ အင်ဂျင်နီယာဌာနချုပ်ကို ရက်အတော်ကြာ ဝိုင်းရံထားတဲ့ RSF တပ်ဖွဲ့တွေဟာ အကြီးစားအမြောက်တွေ၊ တင့်ကားတွေ၊ တခြားလက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဆူဒန်စစ်တပ်ဟာ အွမ်ဒူရ်မန် မြောက်ဘက်ရှိ RSF ရဲ့ အဝိုင်းခံထားရတဲ့ အခြေအနေမှ ထိုးဖောက်ထွက်ဖို့အတွက် စစ်ကူတွေစေလွှတ်ခဲ့ပြီး ရန်လိုတဲ့ တဖက်ပစ်မှတ်တွေကို အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

သူ့ရဲ့ အွမ်ဒူရ်မန် စစ်ဆင်ရေးကြောင့် ရာနဲ့ချီတဲ့ RSF တပ်ဖွဲ့ဝင်တွေ အသေအပျောက် ရှိခဲ့ကြောင်း ဆူဒန်စစ်တပ်က အခိုင်အမာ ပြောကြားပြီး RSF ဘက်ကလည်း ဆူဒန်တပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြောထားပါတယ်။

တိုက်ပွဲကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ခါတွမ်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အွမ်ဒူရ်မန်ရှိ တခုတည်းသော ခွဲစိတ်ကုဆေးရုံမှာ သွေးအိတ်တွေ ပြတ်လပ်နေလို့ ပြည်သူတွေကို သွေးလှူဒါန်းပေးဖို့ တိုက်တွန်းထားပါတယ်။

အွမ်ဒူရ်မန်မြို့ကို ဒါဖာဒေသကနေ မြို့တော်နယ်မြေကို တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်တွေကို ပို့ဆောင်ရာ အရေးပါတဲ့ အချက်အချာနေရာတခုအဖြစ် သတ်မှတ်ထားတဲ့အပြင် ဆူဒန်စစ်တပ်ရဲ့ လေတပ်စခန်းနဲ့ အင်ဂျင်နီယာဌာနချုပ် တည်နေရာလည်း ဖြစ်ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013