လာမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးကို ကျော်ဖြတ်ကာ အာဆင်နယ်အသင်း ချန်ပီယံဖြစ်မယ်လို့ အင်္ဂလန်နဲ့ မန်ယူ ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ခန့်မှန်းပါတယ်။
ဂျေမီကာရေဂါနဲ့အတူ The Overlap ဆိုတဲ့ရုပ်သံအစီအစဉ်တစ်ခုမှာ နဗီးလ်က ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။
တခြားအချက်အလက်တွေအပြင် ၄ နှစ်ဆက်တိုက် ချန်ပီယံဆု ဖလားရရှိတဲ့အသင်း မရှိခဲ့ဖူးတာကြောင့် အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားနိုင်ကြောင်း နဗီးလ်က ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ကစားသမားကောင်းသုံးဦးကို ခေါ်ယူအားဖြည့်ခဲ့လို့ ပိုကောင်းတဲ့အသင်း ဖြစ်လာမယ်လို့ထင်ပြီး ချန်ပီယံဆုဖလားကို အမှန်တကယ်ရရှိသွားလိမ့်မယ်လို့ နဗီးလ်က ပြောပါတယ်။
လီဗာပူး နောက်ခံလူဟောင်း ကာရေဂါကတော့ မန်စီးတီးသာ ချန်ပီယံ ဆုဖလားရရှိနိုင်ပြီး အာဆင်နယ်၊ လီဗာပူးနဲ့ မန်ယူတို့က အဆင့်လေးအတွင်းဝင်မှာဖြစ်ကြောင်း သုံးသပ်ပါတယ်။
နဗီးလ်ကတော့ အာဆင်နယ်နဲ့အတူ မန်စီးတီး၊ မန်ယူ၊ လီဗာပူးနဲ့ ချဲလ်ဆီးတို့ အစဉ်လိုက် ရပ်တည်မှာဖြစ်ကြောင်း ခန့်မှန်းသုံးသပ်ခဲ့ပါတယ်။










