DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြခံရသည့် စစ်ကောင်စီသံရုံးက အမေရိကန်နိုင်ငံခြားရေးရုံးထံ တိုင်ကြား
DVB
·
August 8, 2023
ဆန္ဒပြခံရသည့် စစ်ကောင်စီသံရုံးက အမေရိကန်နိုင်ငံခြားရေးရုံးထံ တိုင်ကြား
Donate to DVB

ဆန္ဒပြသူတွေဟာ သံရုံးဝန်ထမ်းတွေရဲ့ ကားတွေကို ရိုက်ပုတ်ပြီး ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့တယ်ဆိုပြီး ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီသံရုံးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရုံးထံ  မဟုတ်မမှန် တိုင်ကြားခဲ့တယ်လို့  မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေထံက သိရပါတယ်။ 

ဒေသစံတော်ချိန် ဩဂုတ် ၇ ရက် မနက်အစောပိုင်းကနေ ညနေပိုင်းအထိ မြို့တော်ဝါရှင်တန်ဒီစီ၊ မြန်မာသံရုံးရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတချို့က ပိတ်ဆို့ဆန္ဒပြခဲ့တာပါ။

ဆန္ဒပြသူတွေက ရှစ်လေးလုံးအထိမ်းအမှတ်နေ့မှာ စစ်ကောင်စီသံရုံးဝန်ထမ်းတွေ ရုံးတက်လို့မရအောင် ရည်ရွယ်ပိတ်ဆို့ခဲ့တာဖြစ် ပိတ်ဆို့မှုဟာ ထိရောက်ခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ညနေ ၃ နာရီလောက်မှာတော့  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရုံးတာဝန်ရှိသူတစ်ဦး မြန်မာသံရုံးရှေ့ကိုရောက်လာခဲ့ပြီး အခြေအနေကိုလာ ရောက်မေးမြန်းခဲ့ပါတယ်။

ဆန္ဒပြသူတွေကြောင့် သံရုံးဝန်ထမ်းတွေ ရုံးတက်လို့မရတာ၊ ဝန်ထမ်းတွေရဲ့ကားတွေကို ဆန္ဒပြသူတွေက ရိုက်ပုတ်ပြီး ကြမ်းကြမ်းတမ်းတမ်း ပြုမူတာတွေရှိနေတယ်ဆိုပြီး တိုင်ကြားတာကြောင့် လာရောက်ရတာလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရုံးတာဝန်ရှိသူက ပြောပါတယ်။

တကယ့်လက်တွေ့မှာတော့ ဆန္ဒပြပိတ်ဆို့သူတွေက သံရုံးဝန်ထမ်းတွေ ရုံးတက်၊ မတက်ကို စောင့်ကြည့်တဲ့အခြေအနေမှာသာရှိခဲ့ပြီး ဒီစီအာဏာပိုင်တွေက တာဝန်ပေးထားတဲ့ မြို့တော်ရဲတပ်ဖွဲ့ဝင်တွေလည်း မနက်အစောပိုင်းကတည်း ဆန္ဒပြပွဲကို စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။

မနက်အစောပိုင်းမှာ သံရုံးတာဝန်ရှိသူတွေက ဒီစီအုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ဆက်သွယ်ပြီး သံရုံးရှေ့မှာ ပိတ်ဆို့ထားတာတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အများပြည်သူပိုင်နက်မှာ လွတ်လပ်စွာ‌ ဆန္ဒထုတ်ဖော်တာဖြစ်တဲ့အတွက် ဒေသဥပဒေတွေနဲ့ ငြိစွန်းမှုမရှိတာကြောင့် သံရုံးရှေ့ ပိတ်ဆို့ထားမှုကို ဒေသအာဏာပိုင်တွေက ဆက်လက်ခွင့်ပြုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရုံး တာဝန်ရှိသူ ရောက်လာချိန်မှာလည်း ဆန္ဒပြသူတွေက  ဥပဒေတစုံတရာ ချိုးဖောက်ထားတာ မရှိတဲ့အတွက် ဆန္ဒပြပိတ်ဆို့တာကို ဆက်လက်ခွင့်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013