DVB Logo
Home
မြန်မာသတင်း
မြန်မာ့အနာဂတ်ဖန်တီးရန် အန်စီစီတီအစည်းအဝေး သက်သေပြမည်ဟု ခွန်ဥက္ကာပြော
DVB
·
July 24, 2014
မြန်မာ့အနာဂတ်ဖန်တီးရန် အန်စီစီတီအစည်းအဝေး သက်သေပြမည်ဟု ခွန်ဥက္ကာပြော
Donate to DVB

မြန်မာနိုင်ငံရဲ့အနာဂတ် ဖန်တီးဖို့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပမယ့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ထိပ်သီးအစည်းအဝေးံက သက်သေပြမယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားလိုက်ပါတယ်။

kokaကချင်ပြည်နယ် လိုင်ဇာမြို့မှာ ဇူလိုင် ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမယ့် အန်စီစီတီ ထိပ်သီးအစည်းအဝေးတက်ဖို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ရောက်ရှိနေပြီး ဒီညီလာခံကနေ မြန်မာနိုင်ငံရဲ့အနာဂတ် ဖန်တီးဖို့ သက်သေပြမယ်လို့ ပြောကြားလိုက်တာပါ။

တိုင်းရင်းသားများရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(အန်စီစီတီ) အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ထူးခြားမယ့်ပွဲ ဖြစ်ပြီး မြန်မာပြည်အနာဂတ်အတွက် တိုင်းရင်းသားတွေ လုပ်ပိုင်ခွင့် ရှိတယ်ဆိုတာ ပြသမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ထူးမယ့်ပွဲပဲ ဒီပွဲက၊ မြန်မာပြည်ရှေ့ရေးမှာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတယ်ဆိုတာ မြန်မာပြည်ရဲ့အနာဂတ်ကို ဖန်တီးဖို့ တိုင်းရင်းသားတွေရဲ့ လက်ထဲမှာလည်း လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ ဒီမှာ ပြရမှာပေါ့။ အဲဒါ ထူးတာပေါ့။”

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကေအိုင်အေဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ ညီလာခံ ကျင်းပခဲ့ပြီး တပြည်လုံး အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက် ချမှတ်ခဲ့ပြီး ညီလာခံအပြီးမှာ တိုင်းရင်းသားများရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(အန်စီစီတီ)ကို ဖွဲ့စည်းခဲ့တာပါ။

ဇူလို ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမယ် အန်စီစီတီ ထိပ်သီး အစည်းအဝေးတက်ဖို့ တိုင်းရင်းသားအဖွဲ့အစည်းပေါင်း ၁၀ ဖွဲ့ကျော်နဲ့ သတင်းမီဒီယာသမား ၂၀ ကျော်လည်း ဒီနေ့ လိုင်ဇာမြို့ကို ရောက်ရှိနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013