
အစိုးရက ယူနတီဂျာနယ်သတင်းသမားတွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်တဲ့ကိစ္စ အပါအ၀င် လတ်တလောမီဒီယာတွေအပေါ် ဖိနှိပ်နေမှုတွေကို ၀ိုင်းဝန်းဆွေးနွေးကြဖို့ မီဒီယာ ညီလာခံတရပ် ဒီလကုန်ပိုင်း ခေါ်ယူသွားဖို့ရှိတယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်က ဦးမြင့်ကျော်က ပြောပါတယ်။
ရန်ကုန်မြို့မှာ ကျင်းပဖို့ရှိတဲ့ မီဒီယာညီလာခံကို မြန်မာစာနယ်ဇင်းသမားတွေအားလုံး ၀ိုင်းဝန်းလုပ်ဆောင်ကြမှာဖြစ်ပြီး မြန်မာကလောင်ရှင်များအသင်း Pen Myanmar လည်း ပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။
အစိုးရက ယူနတီသတင်းသမားတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပြီးတဲ့နောက် ဘိုင်မွန်းတည့်နေ ဂျာနယ်သတင်းသမားတွေကို ဖမ်းဆီးချုပ်နှောင်ထားပြီး တရားစွဲဖို့ ပြင်ဆင်နေ သလို ဇူလိုင် ၂၃ ရက်ကလည်း မြန်မာသံတော်ဆင့်အယ်ဒီတာအဖွဲ့ကို ခေါ်ယူ စစ်ဆေးမေးမြန်း တာတွေ ပြုလုပ်နေပါတယ်။











