DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင်နှင့် ကရင်နီဒေသတွင် ဥပဒေမဲ့ သတ်ဖြတ်ခံရသည့် အရပ်သား ၃၇၅ ဦးထိရှိ
DVB
·
August 7, 2023
ရှမ်းတောင်နှင့် ကရင်နီဒေသတွင် ဥပဒေမဲ့ သတ်ဖြတ်ခံရသည့် အရပ်သား ၃၇၅ ဦးထိရှိ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲမြို့နယ်နဲ့ ကရင်နီပြည်အနှံ့မှာ စစ်တပ် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ၂ နှစ်ကျော်ကာလအတွင်း ဥပ‌ဒေမဲ့ သတ်ဖြတ်ခံရတဲ့ အရပ်သား ၃၇၅ ဦး ရှိလာကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသွားတဲ့ အရပ်သားတွေဟာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်းနဲ့ တိုက်ပွဲအတွင်း သတ်ဖြတ်ခံရသူတွေ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် တောတောင်ထဲ စစ်ရှောင်နေရင်း ဖျားနာကာ ကောင်းမွန်စွာ ဆေးကုသခွင့် မရတာကြောင့် သေဆုံးသူသီးသန့် ၁၄၁ ဦးရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွိုင်ကော်မြို့နယ် ပဒါညေးရွာ ဒေသခံတဦးက “တိုက်ပွဲဖြစ်ပြီဆို စစ်ကောင်စီဘက်က လေယာဉ်နဲ့ရော လက်နက်ကြီးနဲ့ပါ ရွာဘက်ကိုပစ်လာပြီ။ တိုက်ပွဲ တခါဖြစ်တိုင်း အရပ်သား တယောက်မှ သုံးယောက် တိုက်ပွဲကြားထဲ အကြောင်းမဲ့ သေဆုံးရပြီ၊ အရပ်သားနေအိမ်လည်း မီးလောင်ရပြီ၊ ဒါကြောင့် တိုက်ပွဲမဖြစ်စေချင်တော့ပါဘူး၊ အမြန်ငြိမ်းချမ်းစေချင်ပါပြီ” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း ရှမ်းတောင် ဖယ်ခုံ၊ ပင်လောင်း၊ မိုးဗြဲမြို့နယ် အပါအဝင် ကရင်နီပြည် အနှံ့အပြားမှာ တိုက်ပွဲပေါင်း ၇၇၆ ကြိမ် ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၅၇၇ ကြိမ်မှာ ဘာသာရေးအဆောက်အအုံ ၃၉ ခု၊ အရပ်သားနေအိမ် ၁,၆၃၉ ခု ပျက်စီးခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၂,၂၃၀ ဦးနဲ့ တော်လှန်ရေးအင်အားစု KNDF၊ KA၊ PDF တို့ဘက်က အယောက် ၃၁၀ ကျဆုံးခဲ့ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေကြောင့် ကရင်နီပြည်အနှံ့ လူဦးရေ နှစ်သိန်းကျော် တောတောင်တွေထဲ စစ်ဘေးတိမ်းရှောင်နေရပြီး အဲဒီစစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး စတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013