DVB Logo
Home
နိုင်ငံတကာ
တရုတ်တွင် ငလျင်လှုပ်ပြီး အဆောက်အအုံ ၁၂၀ ကျော်ပြိုကျ၊ လူ ၂၂ ဦး ဒဏ်ရာရ
DVB
·
August 7, 2023
Donate to DVB

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်ပြည်နယ်မှာ သြဂုတ် ၆ ရက်က ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့ပြီးနောက် လူပေါင်း ၂၂ ဦး ဒဏ်ရာရရှိကာ အဆောက်အအုံ ၁၂၆ လုံးအထိ ပြိုကျသွားတယ်လို့ နိုင်ငံပိုင်ရုပ်သံ စီစီတီဗီမှာ ဖော်ပြခဲ့ပါတယ်။

ဒေသစံတော်ချိန် မနက် ၂ နာရီ ၃၃ မိနစ်က ဒဲ့ကျိုး (Dezhou) မြို့ရှိ ပင်းယွမ် (Pingyuan) ခရိုင်ရဲ့ ၁၀ ကီလိုမီတာ အနက်တနေရာမှာ ငလျင်လှုပ်ခတ်ခဲ့တာလို့ တရုတ်မြေငလျင်ကွန်ရက်များစင်တာ (CENC) အရ သိရပါတယ်။

မနက် ၃ နာရီ ၂ မိနစ်မှာတော့ အင်အား ၃ ဒသမ ၀ အဆင့်သာရှိတဲ့ ဒုတိယမြောက်ငလျင်ဟာ ၉ ကီလိုမီတာအနက်မှာ နောက်တကြိမ် လှုပ်ခတ်ခဲ့တယ်လို့ CENC က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ပေကျင်း-ရှန်ဟိုင်း မီးရထားလမ်းနဲ့ ပေကျင်း-ခေါင်လွန်း (Kowloon) မီးရထားလမ်းတို့ အပါအဝင် ရထားပြေးဆွဲမှုတချို့ကို တရုတ်မီးရထားအဖွဲ့က ရပ်ဆိုင်းထားတယ်ဆိုပြီး စီစီတီဗီသတင်းမှာ ပါဝင်ပါတယ်။

ဒီ မြေငလျင်လှုပ်ခတ်ခဲ့တဲ့ ဒဲ့ကျိုးမြို့အလယ်ပိုင်းက ပင်းယွမ်ခရိုင်မှာ လူဦးရေ ၄ သိန်း ၂ သောင်းအထိ ရှိတယ်လို့ ဆိုပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013