DVB Logo
Home
နိုင်ငံတကာ
တရုတ်နိုင်ငံတွင် ငလျင်လှုပ်၊  အဆောက်အအုံ ၁၂၆ လုံးပြိုလဲပြီး ၂၂ ဦး ဒဏ်ရာရ
DVB
·
August 6, 2023
တရုတ်နိုင်ငံတွင် ငလျင်လှုပ်၊  အဆောက်အအုံ ၁၂၆ လုံးပြိုလဲပြီး ၂၂ ဦး ဒဏ်ရာရ
Donate to DVB

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်(Shandong) ပြည်နယ်မှာ သြဂုတ်လ ၆ရက်၊ တနင်္ဂနွေနေ့က ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် လူပေါင်း ၂၂ ဦးဒဏ်ရာရရှိကာ အဆောက်အအုံ ၁၂၆ လုံးအထိ ပြိုကျသွားတယ်လို့ နိုင်ငံပိုင်ရုပ်သံ စီစီတီဗီ မှာဖော်ပြခဲ့ပါတယ်။

ဒေသစံတော်ချိန် မနက် ၂ နာရီ ၃၃မိနစ်တုန်း က ဒဲ့ကျိုး(Dezhou) မြို့ရှိ ပင်းယွမ်(Pingyuan) ခရိုင်ရဲ့  ၁၀ ကီလိုမီတာ အနက်တစ်နေရာမှာ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တရုတ်မြေငလျင် ကွန်ရက်များစင်တာ (CENC) အရ သိရပါတယ်။

မနက် ၃နာရီ ၂မိနစ်မှာတော့ အင်အား ၃ အဆင့်သာရှိတဲ့ ဒုတိယမြောက်ငလျင်ဟာ ၉ ကီလိုမီတာအနက်မှာ နောက်တစ်ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ CENC က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ပေကျင်း-ရှန်ဟိုင်း မီးရထားလမ်းနဲ့ ပေကျင်း-ခေါင်လွန်း(Kowloon) မီးရထားလမ်းတို့ အပါအဝင် ရထားပြေးဆွဲမှု အချို့ကို တရုတ်မီးရထားအဖွဲ့ က ရပ်ဆိုင်းထားတယ် ဆိုပြီး စီစီတီဗီ သတင်းမှာ ပါဝင်ပါတယ်။ 

ဒီ မြေငလျင်လှုပ်ခတ်ခဲ့တဲ့ ဒဲ့ကျိုး(Dezhou) မြို့အလယ်ပိုင်းက ပင်းယွမ်(Pingyuan) ခရိုင်မှာ လူဦးရေ ၄ သိန်း ၂ သောင်းအထိ ရှိတယ်လို့ ဆိုပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013