DVB Logo
Home
မြန်မာသတင်း
လက်နက်ကြီးကြောင့် ကလေးတွင် တလအတွင်းအရပ်သား ၃ ဦးသေဆုံး
DVB
·
August 6, 2023
လက်နက်ကြီးကြောင့် ကလေးတွင် တလအတွင်းအရပ်သား ၃ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် ဇူလိုင်လအတွင်း အရပ်သား ၃ ယောက်သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် လဆန်းပိုင်းကစပြီ စစ်ကောင်စီတပ်က ကလေးမြို့တွင်းကနေ မြို့နယ်တဝိုက်ကို နေ့စဉ်နီးပါး လက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။

ဇူလိုင် ၁၁ ရက်နေ့မှာ တောင်ဖီလာရပ်ကွက်က ဒေါ်ငွေရီနဲ့ ဇူလိုင် ၁၃ ရက်နေ့မှာ စီးစံရွာက ဦးလာလာလ်တို့ လင်မယားနှစ်ယောက် လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြပြီး တခြားဒေသခံတွေလည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ကလေးဒေသခံတယောက်က "အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့တော့ မပစ်သင့်ဘူး။ လက်နက်ကြီးရန်ကြောင့် တချို့ဆို ဗုံးခိုကျင်းတွေတူးကြတယ်။ တချို့ဆိုရွာမှာမနေရဲကြဘူး။ မြို့ပေါ်နဲ့ တောထဲမှာ ရှောင်နေကြတော့တာ" လို့ ဒီဗွီဘီကို ပြောပါတယ်။

ကလေးနယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့လက်နက်ကြီးရန်ကနေ ကာကွယ်ဖို့ ဗုံးခိုကျင်းတွေတူးကြဖို့အတွက် ကျေးရွာဒေသခံတွေကို တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။

ကလေးမြို့နယ်မှာ ဇွန်လအတွင်း စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် မြို့ပေါ်တာဟန်းရပ်ကွက်အပါအဝင် သာစည်ရွာ၊ စံသာရွာ၊ ထိုမာရွာ၊ နဂါးပွတ်ရွာနဲ့ လက်ပံချောင်းရွာတို့က အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၈ ယောက် လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး အယောက် ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါ‌တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013