DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့နယ် နှောရိုးရွာက ပစ္စည်းများကို  စစ်သားနှင့်ပျူစောထီးများ လတိုင်း လုယူ
DVB
·
August 6, 2023
ပုလဲမြို့နယ် နှောရိုးရွာက ပစ္စည်းများကို  စစ်သားနှင့်ပျူစောထီးများ လတိုင်း လုယူ
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောရိုးရွာသားတွေရဲ့ နွား၊ ဝက်နဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေက ​သြဂုတ် ၅ ရက်နေ့ မနေ့မနက်ပိုင်းက လာရောက်လုယူသွားပြီး လတိုင်းလာလုနေတာလို့ ဒေသခံတွေဆီကသိရပါတယ်။ 

နှောရိုးရွာသားတွေရဲ့ တောထဲက တဲတိုက်မှာသိမ်းဆည်းထားတဲ့ ခိုင်းနွား ၇ ကောင် အပါအဝင် ဝက်နဲ့ ဆန်၊ ဆီ၊ ဆားပစ္စည်းတွေကို ဇီးဖြူကုန်းပျူစောထီးကျေးရွာက စစ်ကောင်စီတပ်စစ်သားနဲ့ ပျူစောထီးတွေက လှည်းတွေနဲ့လာသယ်ခဲ့တာလို့ နှောရိုးရွာ ရပ်မိရပ်ဖတယောက်က ပြောပါတယ်။

"ကျနော်တို့က နဂိုမူလနေရာကနေပြီးတော့ တောထဲဘက်ကို လွတ်မြောက်တယ် ဆိုပြီး ဘေးအိမ်တွေကကော၊ အိမ်နီးချင်းတွေကော၊ ဆွေမျိုးတွေကော ဆန်၊ စပါးတွေ၊ ဆီပုံးတွေ ထားတယ်။ စစ်ကြောင်းထိုးလာရင် ရွာမှာလည်းမနေရဲဘူး။ တဲတိုက်တွေမှာနေရတာ။ ခုလို လုယူတော့ ကျနော်တို့စားဝတ်နေရေး မဖူလုံပါဘူး" လို့ ပြောပါတယ်။

မနေ့ မနက်ပိုင်းကတော့ ဇီးဖြူကုန်းပျူစောထီးကျေးရွာမှာ တညအိပ်လာတဲ့ စစ်ကြောင်းက နှောရိုးရွာက ပြည်သူပိုင်ပစ္စည်းတွေကို လာလုယူခဲ့တာလို့ သိရပါတယ်။

နှောရိုးရွာဟာ ဇီးဖြူကုန်းပျူရွာနဲ့ တမိုင်ပဲဝေးတာကြောင့် ပျူရွာကနေ တလတခါ စားနပ်ရိက္ခာနဲ့ အဝတ်စားတွေကို လာလုယူကြတယ်လို့သိရပါတယ်။

ဒေသခံတယောက်က "ကျနော်တို့က လစဉ်တိုင်း ခံနေရတာ။ ပျူရွာနဲ့လည်း နီးတာဆိုတော့ အိမ်ထဲလည်းမနေရဲ၊ တောထဲလည်းမဖူလုံ၊ တလတခါလာတယ်။ စစ်ဘေးရှောင်ကာလထဲမှာနေရတာ၊ ပျူရွာနဲ့လည်းနီးတာ၊ တလတခါ တိမ်းရှောင်နေရတာ။ ပျူရွာတွေနဲ့မနီးဖို့ရာလိုချင်တာ။ ပျူတွေကိုပဲ နှိမ်နှင်းပေးနိုင်မလား။ ကျနော်တို့ကိုပဲ ရွာရွှေ့ပေးနိုင်မလားပေါ့" လို့ဆိုပါတယ်။

နှောရိုးရွာက ပြည်သူတွေရဲ့ခိုင်းနွားတွေကိုပါ ယူသွားတာကြောင့် စိုက်ပျိုးရေးလုပ်ဖို့လည်း အခက်ခဲတွေရှိတယ်လို့ ဆိုပါတယ်။ 

ဒေသခံတယောက်က "နွားနဲ့လု​ပ်ရပါတယ်ဆို နွားယူသွားတော့ ခြေထောက်ရိုက်ချိုး ထားသလိုပဲ။ နွားတကောင်ဆိုရင် ဆယ်သိန်းနဲ့ ဆယ့်နှစ်သိန်း၊ အမြင့်ဆုံးကတော့ ဆယ့်ငါးသိန်းလောက်ထိရှိတယ်။ ရွာကိုသူတို့မဝင်ဘူး။ တောထဲက တဲတိုက်ထဲဝင်ပြီး ဝက်တွေသတ်ယူသွားတယ်" လို့ ပြောပါတယ်။

ပျူစောထီးရွာက စစ်ကောင်စီတပ်စစ်သားတွေနဲ့ ပျူစောထီးတွေ တလတစ်ခါ ရိက္ခာထွက်ရှာ လုယက်တာကြောင့် နှောရိုးရွာက ပြည်သူတွေစားဝတ်နေရေး၊ စီးပွားရေး ခက်ခဲတဲ့အပြင် စစ်ရှောင်ရချိန်မှာ နှမ်းခင်းတွေမရိတ်နိုင်တာကြောင့်လည်း ဧကဆယ်နဲ့ချီ ပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ 

photo- ​ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013