DVB Logo
Home
မြန်မာသတင်း
ကချင်နှင့် ရှမ်းမြောက်ပိုင်းတွင် ရေကြီး မြေပြို၊ လူ ၅ ဦး သေဆုံး
DVB
·
July 23, 2014
ကချင်နှင့် ရှမ်းမြောက်ပိုင်းတွင် ရေကြီး မြေပြို၊ လူ ၅ ဦး သေဆုံး
1 / 2
Donate to DVB

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ရေကြီးမြေပြိုမှု ဖြစ်ပွားပြီး ကလေးသူငယ်အပါအ၀င် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။
ကချင်ပြည်နယ် ကေအိုင်အိုထိန်းချုပ်နယ်မြေထဲမှာ မိုး ၃ ရက်ဆက်တိုက် ရွာသွန်းပြီး မြေပြိုကျတဲ့အတွက် ဇူလိုင် ၂၂ ရက်နေ့ မနက်က ဂျေယန့်ဒုက္ခသည်စခန်းမှာ လူ ၅ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ဗဟိုကချင်ဒုက္ခသည်စခန်း ကော်မတီဥက္ကဋ္ဌ ဦးဒွဲဗီဇာက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_60811" align="alignright" width="300"]မူဆယ်မြို့တွင် ရေကြီးနေစဉ် မူဆယ်မြို့တွင် ရေကြီးနေစဉ်[/caption]

“တောင်ကုန်းပြိုကျပြီးတော့မှ အိမ်ထောင်စုပေါင်းပြီးနေတဲ့ အိမ်ကို ပြိုတာ လူ ၅ ယောက် ဆုံးသွားတာ။ ၆ နာရီ ၄၀ မိနစ်လောက်မှာ ဖြစ်ဖြစ်ချင်းဖော်ထုတ်တော့ ၂ ယောက်ကို မြေစာ ၂ ပေလောက် ဖုံးဖိထားတယ်။ ကျန်တဲ့ ဟာကို ပြန်ဖော်တာ ၃ နာရီလောက်ကြာတယ်။ ကျောင်းသွားဖို့ ကလေးတွေက ထမင်းစားနေတယ်။ အားလုံးလည်း ထမင်းစားနေတဲ့ အချိန်ပေါ့။”

သေဆုံးသူတွေမှာ အသက် ၄ နှစ်၊ ၁၃ နှစ်နဲ့ ၁၅ နှစ်ရွယ် ယောက်ျားလေး ၃ ဦးနဲ့ အသက် ၃၆ နှစ်ရှိ မိခင်၊ အသက် ၇၀ ကျော် အဖွားဖြစ်သူတို့ မိသားတစုဖြစ်ကာ မနေ့က သင်္ဂြိုဟ်ခဲ့ပြီး သူတို့နေအိမ်လည်း မြေကြီးအောက်မှာ လုံးဝပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒီကနေ့ထိ မိုးထပ်ရွာမယ့် အခြေအနေရှိတဲ့အတွက် စိတ်မချရတဲ့နေအိမ် အလုံး ၄၀ ကျော်က မိသားစုဝင်တွေကို စခန်းရဲ့ ခန်းမဆောင်ကြီးမှာ ရွှေ့ပြောင်းနေရာချထားရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဂျေယန့်နဲ့ လဂျန်းယန် ဒုက္ခသည်စခန်းသွား ကားလမ်းပေါ် တောင်ကျရေတွေ ၀င်ပြီး ရွှံ့နွံတွေနဲ့ ပိတ်နေတဲ့အတွက် ဆိုင်ကယ်နဲ့ ကားတွေ သွားလာမရဘူးလို့ ဦးဒွဲဗီဇာက ပြောပါတယ်။

ဌာနချုပ်လိုင်ဇာနဲ့ ၆ မိုင်ဝေးတဲ့ ဂျေယန့်ဒုက္ခသည်စခန်းမှာ လူပေါင်း ၈ ထောင်ကျော် နေထိုင်ပြီး လွန်ခဲ့တဲ့ ၃ နှစ်က ကေအိုင်အေနဲ့ အစိုးရတပ်ကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် အဲဒီနေရာကို ပြောင်းလာကြတာ ဖြစ်ပါတယ်။

အလားတူ ဂျေယန့်နဲ့ ၁၀ မိုင်အကွာ ဒေါ့ဖုန်းယန်မြို့နယ်ဘက်မှာလည်း တောင်ပြိုပြီး လမ်းပိတ်ဆို့နေတယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။

ဇူလိုင် ၂၂ ရက် မနက်က မိုးသည်းထန်တဲ့အတွက် ဒေါ့ဖုန်းယန်နဲ့ လဂျန်းယန်ကြား ဗန်းမော်မြစ်ကြီးနားသွားလမ်းမှာ ခါလားတောင်မြေပြိုကျတဲ့အတွက် လမ်းပိတ်ဆို့ပြီး ယာဉ်သွားလာမှု ပြတ်တောက်ခဲ့ရကြောင်း၊ ယာဉ်လမ်းကြောင်း အမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့ မြို့နယ်အင်ဂျင်နီယာနဲ့ တာဝန်ရှိသူတွေ သွားရောက်ဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြ ပါတယ်။

Mu Sae 2ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် တရုတ်နယ်စပ်ဘက်မှာလည်း ရွှေလီမြစ်ရေနဲ့ နမ့်ပေါ့ချောင်း ရေကြီးနေတဲ့အတွက် မြန်မာပြည်ဘက်ခြမ်းရော တရုတ်ပြည်ဘက်ခြမ်းက ကျေးရွာထဲတွေပါ ရေတွေ ၀င်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဇူလိုင် ၂၂ ရက်နေ့က မြန်မာဘက် မူဆယ်နဲ့ တရုတ်ပြည် ဆက်သွယ်တဲ့လမ်းမနဲ့ မူဆယ် - နမ့်ခမ်းသွားလမ်း ပန်ခမ်းရွာ အပိုင်းမှာ ရေတွေ ၀င်ပြီး သွားရေးလာရေး ခက်ခဲနေတယ်လို့ ရွာသားက ဆက်ပြောပါတယ်။

ဒီဘက်ခြမ်းမှာဆိုရင် ပန်ခမ်း၊ နောင်မိုနဲ့ နောင်ယန်း စတဲ့ကျေးရွာတွေထဲ ရေ၀င်နေကြောင်း၊ တရွာကို အိမ်ခြေ ၁၀၀ ကျော်ရှိကာ တချို့အိမ်တွေမှာ ခါးထိ၊ တချို့က ဒူးဆစ်ထိ ရေ၀င်ပြီး စပါးနဲ့ ပြောင်းစိုက်ခင်း ဧကပေါင်းများစွာ ရေလွှမ်းနေတယ်လို့ သူက ဆက်ပြောပါတယ်။

မူဆယ်နမ့်ခမ်းဒေသ ရေလွှမ်းမိုးမှု နောက်ဆုံးရအခြေအနေတွေ ဆက်လက်ဖော်ပြနိုင်ဖို့ ဆက်သွယ်မေးမြန်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013