DVB Logo
Home
မြန်မာသတင်း
အေဂျီဒီဘဏ်ရှယ်ယာ ၈၅ ရာခိုင်နှုန်းထိ ဦးနေ၀င်းမြေး ၀ယ်ယူမည်
DVB
·
July 23, 2014
အေဂျီဒီဘဏ်ရှယ်ယာ ၈၅ ရာခိုင်နှုန်းထိ ဦးနေ၀င်းမြေး ၀ယ်ယူမည်
Donate to DVB

ဦးတေဇပိုင် အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်(အေဂျီဒီ)ရဲ့ အစုရှယ်ယာ ၈၅ ရာခိုင်နှုန်းထိ ၀ယ်ယူသွားဖို့ ရှိနေတယ်လို့ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့မြေး ဦးကျော်နေ၀င်းက ဒီဗွီဘီကို  ပြောကြားလိုက်ပါတယ်။

[caption id="attachment_60805" align="alignright" width="300"]ဦးကျော်နေ၀င်း (အလယ်)၊ ဦးအေးနေ၀င်း (ယာ) နဲ့ ဦးဇွဲနေ၀င်း (ဓာတ်ပုံ - အေပီ) ဦးကျော်နေ၀င်း (အလယ်)၊ ဦးအေးနေ၀င်း (ယာ) နဲ့ ဦးဇွဲနေ၀င်း (ဓာတ်ပုံ - အေပီ)[/caption]

အများပိုင်ကုမ္ပဏီတခုဖြစ်တဲ့ အေဂျီဒီဘဏ်ရဲ့ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို  ၀ယ်ယူထားပြီး ဖြစ်ကြောင်း၊ နောက်ထပ် ၆ လအတွင်းမှာ လက်ရှိပိုင်ဆိုင်ထားတဲ့ ၆၀ ရာခိုင်နှုန်းအပြင် ၈၅ ရာခိုင်နှုန်းအထိ ရှယ်ယာတွေ တိုးပြီးဝယ်ယူသွားဖို့ရှိကြောင်း ဦးကျော်နေ၀င်းက ဒီဗွီဘီကို ပြောပါတယ်။

အေဂျီဒီဘဏ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်လင်းဆွေကတော့  ရှယ်ယာကိစ္စနဲ့ ပတ်သက်ပြီး တိတိကျကျ ဖြေကြားခြင်းမရှိသေးပဲ ရှယ်ယာရာခိုင်နှုန်း အတော်များများကို ၀ယ်ယူထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်သိရသလောက် လက်ရှိ ရှယ်ယာပိုင်ရှင်တွေက သူတို့ ရှယ်ယာတချို့ကို ရောင်းတယ်။ ဟိုဘက်က ၀ယ်တဲ့သူတွေကလည်း ဒီဘက်က ရောင်းသလောက် ၀ယ်မယ်ဆိုတာမျိုး ကြားရပါတယ်။ ရာခိုင်နှုန်းတွေကတော့ ကျနော်ထင်တယ် သူတို့အချင်းချင်း ကြားမှာ ဘယ်လောက် ကျိမ်းသေပြီးလဲတော့ မသိဘူးပေါ့နော်။ ကျနော်တို့ ကြားရသလောက် ဒီဘက်က ရောင်းသလောက် ၀ယ်မယ်ဆိုတဲ့ အနေအထားဖြစ်တဲ့အတွက် ရာခိုင်နှုန်းတော်တော် များများ ရောင်းကြမယ်လို့ သတင်းကြားထားပါတယ်။”

လက်ရှိမှာဆိုရင် ဘဏ်ရဲ့အစုရှယ်ယာတွေကို မူလ ရှယ်ယာပိုင်ရှင်တွေနဲ့ ကုမ္ပဏီရဲ့ ၀န်ထမ်းတွေကသာ ပိုင်ဆိုင်ထားပြီး အများပြည်သူတွေထံ ရောင်းချခြင်း မရှိသေးဘဲ လာမယ့် ၂၀၁၅ ကျရင် ပေါ်ပေါက်လာမယ့် ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်ထဲ ၀င်ရောက်နိုင်ဖို့အတွက် ဂျပန်ဒိုင်ဝါကုမ္ပဏီနဲ့ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြာင်း အေဂျီဒီဘဏ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါပေမယ့် ဘဏ်ရဲ့ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးဝေလင်းဦးကတော့   အေဂျီဒီဘဏ်ရဲ့ အစုရှယ်ယာ ၁၅ ရာခိုင်နှုန်းကိုပဲ ဦးကျော်နေ၀င်းနဲ့ မီကိုကွေကာလုပ်ငန်းရှင်အပါအ၀င် လုပ်ငန်းရှင် ၄ ဦးကို ရောင်းချထားတာလို့ ပြည်တွင်းထုတ် ပုဂ္ဂလိက နေ့စဉ်သတင်းစာ တစောင်ကို ပြောကြားထားပါတယ်။

ဦးကျော်နေ၀င်းကတော့  လက်ရှိ ဖြစ်ပွားနေတဲ့  ကွဲလွဲချက်နဲ့ ပတ်သက်ပြီးလည်း သူရဲ့ အမြင်ကို  အခုလို ပြောပါတယ်။

“ဒီလိုပဲ ရှိတာပေါ့၊ အေဂျီဒီလည်း အပြစ်မရှိပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့က working Level ဆိုတော့ အားလုံးကို မသိနိုင်ဘူး။ သူတို့ကျတော့ သူတို့အဆင့်နဲ့ သူတို့ သိတာလေးတွေပဲ ပြောတာပေါ့နော်။ သူတို့ကိုလည်း အပြစ်တော့လည်း ယူလို့ မရပါဘူး။”

ဦးကျော်နေ၀င်း အပါအ၀င် အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ သမက်နဲ့ မြေးတွေကို ၂၀၀၂ ခုနှစ်က နိုင်ငံတော်ပုန်ကန်မှုနဲ့ စစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့တာဖြစ်ပြီး  သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တာပါ။

ဦးတေဇပိုင် အေဂျီဒီဘဏ်ကိုတော့  အများပိုင်ကုမ္ပဏီတခုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းကစလို့ ပြောင်းလဲခဲ့ပြီး ရှယ်ယာအစု ၁ စုကို ကျပ် ၅ သောင်းနှုန်းနဲ့ ရှယ်ယာအရေအတွက် ၆ သိန်းအထိ ရောင်းချထားပြီးဖြစ်ပါတယ်။ အဆိုပါဘဏ်ရဲ့ မတည်ရင်းနှီးငွေက ကျပ် ၃၀ ဘီလီယံ စွန်းစွန်းရှိတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013