DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာရေး ဥပဒေကြမ်းကို ကျောက်ဆည် ကျောင်းသားများ ဆန္ဒပြမည်
DVB
·
July 22, 2014
အမျိုးသားပညာရေး ဥပဒေကြမ်းကို ကျောက်ဆည် ကျောင်းသားများ ဆန္ဒပြမည်
Donate to DVB

အမျိုးသား ပညာရေး ဥပဒေကြမ်းက တဖက်သတ်ရေးဆွဲထားပြီး ဗဟိုချုပ်ကိုင်မှုရှိနေလို့ ပြန်ပြီး ရေးဆွဲစေလိုကြောင်း၊ ဒီဥပဒေကြမ်းကို ကျောက်ဆည်ခရိုင်လုံးအနေနဲ့ ကန့်ကွက်သွားဖို့ ရှိနေပါတယ်။

မနေ့ကတော့ ရတနာပုံ တက္ကသိုလ်၊ မန္တလေး ဂျီတီစီနဲ့ ကျောက်ဆည် ဂျီတီစီက ကျောင်းသားတွေ ပူးပေါင်းပြီး ဒီဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

unnamed“ကျောင်းသား အခွင့်အရေးတွေ ပညာရေးလွတ် လပ်ခွင့်တွေ ကို ပိတ်ပင်ထားတယ်။ ဒါက ယေဘုယျ ပြော တာပါ။ ဥပဒေကြမ်းတစ်ခုလုံးကို ကန့်ကွက်တာ လို့ ပြောလို့ရပါတယ်။ လွတ်လပ်တဲ့ ပညာရှင်တွေနဲ့၊ ဆရာတွေ ကျောင်းသားတွေ ပါဝင်ပြီး ပြန်ဆွဲစေချင်တယ်” လို့ မန္တလေး ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုဥာဏ်ထိန်လင်းက ပြောပါတယ်။

လာမယ့် ရက်ပိုင်းအတွင်းမှာတော့ ကျောက်ဆည်ခရိုင်လုံးဆိုင်ရာ ဆန္ဒဖော်ထုတ်ပွဲ လုပ်သွားမယ်လို့ ကျောက်ဆည် နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းခန့်က ပြောပါတယ်။

သူက “သေချာတာကတော့ ကျောင်းသားတွေအတွက် ဆွဲတဲ့ ဥပဒေမှာ ကျောင်းသားတွေရဲ့ အသံမပါပဲ ရေးဆွဲထားတော့ ကျောင်းသားတွေရဲ့ လိုအပ်ချက်နဲ့  ဘယ်လိုမှ မကိုက်ညီနိုင်ဘူး။ အစိုးရက သူတို့လိုသလို ရေးဆွဲထားတာ” လို့  ပြောပါတယ်။

ဆန္ဒဖော်ထုတ်မယ့် ရက်အတိအကျ မပြောနိုင်သေးပေမယ့် ကျောက်ဆည် နည်းပညာ တက္ကသိုလ်၊ မန္တလေး ကွန်ပျူတာ တက္ကသိုလ်(တအုံ)၊ ကျောက်ဆည်တက္ကသိုလ်နဲ့ အစိုးရ နည်းပညာအထက်တန်းကျောင်းတွေ ပါဝင်မယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော်က ရေးဆွဲထားတဲ့ ဥပဒေကြမ်းကြောင့် ပညာရေးလောက ပိုပြိးဆိုးရွားသွားမယ်လို့ ကျောင်းသားတွေက ဝေဖန်ကြပါတယ်။

မန္တလေး ဂျီတီစီ ကျောင်းသားများ သမဂ္ဂက ကိုဆွေလင်းထွန်းက “ခုလည်း မကောင်းဘူး။ ဒါပေမယ့် နောက်ဆို ဒါထက်ပိုဆိုးမယ်။ အမျိုးသားပညာရေးကောင်စီမှာ ဗဟိုချုပ်ကိုင်ခွင့် အပြည့်အ၀ ရှိနေတယ်။ ပြီးတော့ ကျောင်းသား သမဂ္ဂတွေဖွဲ့စည်းခွင့် မပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားစာပေသင်ကြားခွင့် မပါတာကိုလည်း ကျောင်းသားတွေက ဝေဖန်နေကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013