DVB Logo
Home
မြန်မာသတင်း
KNDF အမှတ်- ၉ တပ်ရင်း ၂ နှစ်ပြည့် အခမ်းအနား ကျင်းပ  (ဓာတ်ပုံ)
DVB
·
August 4, 2023
KNDF အမှတ်- ၉ တပ်ရင်း ၂ နှစ်ပြည့် အခမ်းအနား ကျင်းပ  (ဓာတ်ပုံ)
1 / 9
Donate to DVB

ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) အမှတ်-၉ တပ်ရင်းရဲ့ ၂ နှစ်ပြည့် အခမ်းအနားကို သြဂုတ် ၂ ရက်က ကရင်နီပြည် တနေရာ‌မှာ ကျင်းပခဲ့ပါတယ်။

တပ်မွေးနေ့ရယ်၊ ကျဆုံးသွားတဲ့ ရဲဘော်တွေ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေကို အမှတ်ရတဲ့ အနေနဲ့ ကျင်းပတာလို့  KNDF ရင်း-၉ တာဝန်ရှိသူတဦးက ပြောပါတယ်။

“၂ နှစ်တာ ကာလအတွင်း အဘက်ဘက်ကနေ ဝိုင်းကူပေးကြတဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေရော ကျနော်တို့နဲ့အတူ တောင့်ခံပေးတဲ့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ဆက်လက်ပြီး မဝေးတော့တဲ့ ကျနော်တို့ရဲ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာတော့မှာမို့ ကျနော်တို့ကို ဆက်လက်ပြီး ဝန်းရံပေးကြပါဦးလို့ ပြောချင်ပါတယ်ဗျ။ လတ်တလော စစ်ရေးပြင်းထန်နေလို့ ပြည်တွင်း ပြည်ပ အလှူရှင်တွေ ဝိုင်းကူပေးပါဦးလို့ ဖြည့်စွက်ချင်ပါတယ်ဗျ။”

KNDF အမှတ်-၉ တပ်ရင်းက ၂ နှစ်ပြည့် အခမ်းအနား အစီအစဉ်တွေကို ကျဆုံးသွားတဲ့ အာဇာနည်ရဲဘော်တွေကို ဂုဏ်ပြု အလေးပြုတာ၊ ကရင်နီအလံတော်ကို အလေးပြုတာ၊ သစ္စာအဓိဋ္ဌာန်ပြု သီဆိုစောင့်သိတာ၊ မဟာမိတ်တွေထံက ဂုဏ်ပြုသဝဏ်လွှာ ဖတ်ရှုတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ခေါင်းဆောင်တွေက ရဲဘော်ရဲဘက်တွေကို အားပေးစကား ပြောကြား ဂုဏ်ပြုတာတွေကို အစီအစဉ်တကျ ခမ်းနားစွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013