DVB Logo
Home
မြန်မာသတင်း
ကန်တော်ကြီးကန်ထဲ အမျိုးသား ၁ ဦး ခုန်ချသေဆုံး
DVB
·
August 4, 2023
ကန်တော်ကြီးကန်ထဲ အမျိုးသား ၁ ဦး ခုန်ချသေဆုံး
Donate to DVB

ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီးပန်းခြံ၊ ပန်းကန်လုံးကျွန်း၊ လျှောက်လမ်းတံတား‌အနီးရှိ ကန်တော်ကြီးရေကန်မှာ ဩဂုတ်လ ၃ ရက် နံနက်ပိုင်းက လူတဦး ခုန်ချသေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လူတဦးရေထဲဆင်းသွားပြီး နစ်မြုပ်သွားတာကို တွေ့ခဲ့ရတယ်လို့ ပန်းခြံအတွင်း လမ်းလျှောက်သွားသူ‌တွေနဲ့ ပန်းဥယျာဉ်က မနေ့ မနက် ၉ နာရီခွဲခန့်မှာ သက်ဆိုင်ရာနဲ့ ကယ်ဆယ်ရေးအသင်းတွေကို ဖုန်းဆက်အကြောင်းကြားခဲ့တာပါ။

ဒီဃာယုကအသင်းတာဝန်ရှိသူတဦးက “ဒီကိုလာတာတော့ သူတဦးတည်းလို့ ‌ပြောတယ်၊ အသက်က ၂၅ နှစ်လောက် ရှိတဲ့ အမျိုးသား ၁ ဦးပါ၊ သူ ချန်ခဲ့တဲ့ ဖုန်းကနေတဆင့် မိသားစုတွေနဲ့ အဆက်အသွယ်ရပါပြီ၊ တာမွေမြို့နယ်ကပါ၊ မနက် ၁၀နာရီကျော်ကျော်လောက်မှာ ရှာတွေ့ပါတယ်” လို့ ဆိုပါတယ်။

တံတားဘောင်ပေါ်မှာ ခလုတ်ဖုန်း ၁ လုံး၊ မျက်မှန်၊ ဖိနပ်၊ ထီးတလက်နဲ့ မုန့်ထုပ်တွေ တွေ့ရပြီး သေဆုံးသူဟာ တာမွေမြို့နယ်နေ အသက် ၂၅ နှစ်အရွယ် ကိုကျော်သန်း ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက ရေငုပ်ရှာဖွေခဲ့ရာမှ မနက် ၁၀နာရီ မိနစ် ၂၀ ခန့်မှာ ရေအောက်ကနေ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရပြီလို့ သိရပါတယ်။

ကယ်ဆယ်ရှာဖွေရေးကို မင်္ဂလာတောင်ညွန့်မီးသတ်၊ သက်ဆိုင်ရာနဲ့ ဒီဃာယုက၊ သပြေကုန်း၊ မေတ္တာပီတိ၊ တောင်ညွန့်လူငယ်၊ ကျီတော်အသင်းတွေနဲ့ ရန်ကုန်ရေငုတ်ကယ်ဆယ်ရေးအဖွဲ့က ပူးပေါင်းရှာဖွေခဲ့တာလို့ သိရပြီး ရုပ်အလောင်းကို PR-017 အမှတ်နဲ့ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ကန်တော်ကြီးပန်ကန်လုံးကျွန်းအနီးမှာ အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ ဦးရဲ့ ရုပ်အလောင်းရှာ‌တွေ့ခဲ့ပြီး ဇန်နဝါရီလ ၁၇ ရက်ကလည်း ကန်တော်ကြီး ရေပြင်ထဲမှာ အသက် ၂၆ နှစ်အရွယ် အမျိုးသား ၁ ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။

ဓာတ်ပုံ - ဒီဃာယုက၊ မင်္ဂလာ‌တောင်ညွန့်အသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013