DVB Logo
Home
မြန်မာသတင်း
မွန်းတည့်နေဂျာနယ်အမှုတွဲ ရုံးထုတ်
DVB
·
July 22, 2014
မွန်းတည့်နေဂျာနယ်အမှုတွဲ ရုံးထုတ်
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ် အစိုးရအဖြစ် ပြည်သူတွေက တင်မြောက်ကြောင်း သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်လို့ တရားစွဲခံရသူ Bi မွန်းတည့်နေဂျာနယ်အယ်ဒီတာ ၃ ဦးကို ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်တရားရုံးမှာ ဒီနေ့ ဒုတိယအကြိမ် ရုံးထုတ်ပါတယ်။

အယ်ဒီတာ ဦးရဲမင်းအောင်၊ အယ်ဒီတာ ဦးဝင်းတင်နဲ့ တာဝန်ခံ အယ်ဒီတာချုပ် ဦးအောင်သန့်တို့ကို ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

zmw3အများပြည်သူကို အထိတ်တ လန့် ဖြစ်အောင် ကြံရွယ်မှု၊ ပြည်ထောင်စု လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားမှု ပြန်လည် ထူထောင်ရေးကို ထိခိုက်စေရန် ကြံရွယ်မှုနဲ့ ၁၉၅၀ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅ အရ ပုဒ်မခွဲ (ဃ)နဲ့ ပုဒ်မခွဲ (ည)နဲ့ ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုရုံးထုတ်တာပါ။

ဒီသတင်းနဲ့ ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံရသူ ၈ ဦး ရှိပြီး သူတို့တွေကတော့ ဦးနောင်နောင်၊ ဦးအောင်သန့်၊ ဦးဝင်းတင်၊ ဦးရဲမင်းအောင်၊ ဦးကျော်ဇောဟိန်း၊ ဦးယဉ်မင်းထွန်း၊ ဦးကျော်မင်းခိုင်နဲ့ ဒေါက်တာအိအိစံ တို့ ဖြစ်ပါတယ်။

ဒီနေ့ ရုံးထုတ်တဲ့သူတွေကို လာမယ့် သြဂုတ် ၄ ရက်နေ့ကို ရုံးပြန်ချိန်းပြီး ဒေါက်တာအိအိစံကို တရားရှင်လွှတ်ပေးတယ်လို့ သူတိုတွေအတွက် အမှုလိုက်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

သူတို့တတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လူပ်ရှားမှု အင်အားစု (အမ်ဒီစီအက်ဖ်)ရဲ့ ထုတ်ပြန်ချက်ကို ဇူလိုင် ၇ ရက်နေ့ထုတ် BI မွန်းတည့်နေဂျာနယ်မှာ သတင်းရေးသားဖော်ပြလို့  အမှုဖွင့်ခံရတာပါ။  တရားစွဲခံရာမှာပါတဲ့  ဦးနောင်နောင်ဟာ  (အန်ဒီစီအက်ဖ်) ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ အပြစ်ရှိကြောင်း ထင်ရှားရင်တော့ ထောင်ဒဏ် ၇ နှစ်ခန့် ကျခံရဖွယ် ရှိပါတယ်။

ဒီနှစ်ပိုင်းအတွင်း မီဒီယာတွေကို  အမှုဖွင့် တရားစွဲဆိုမှုတွေနဲ့ ပတ်သက်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က သတင်းမှောင်ကျမှာ ပူပန်မိတယ်လို့ ပြောပါတယ်။

“အခုလို မီဒီယာတွေကို သတင်းမီဒီယာဥပဒေလည်း ပေါ်နေပြီ။ စာနယ်ဇင်းကောင်စီလည်း ပေါ်နေပြီ။ အဲဒီလို အချိန်မှာ ကောင်စီကနေတဆင့် ဖြေရှင်းပြီးမှ အဆင်မပြေမှ တရားဥပဒေကြောင်းအရ ဆောင်ရွက်တာက ပိုကောင်းမယ်။ အခုလို ဖမ်းလိုက် ဆီးလိုက် လုပ်တဲ့အခါကျတော့ သတင်းမီဒီယာလောက မှောင်ကျသွားမှာကို ကြောက်တယ်”လို့ ပြောပါတယ်။

ကနဦး ဖမ်းဆီးမှုမှာ အယ်ဒီတာအဖွဲ့တွေ အကြီးတန်းသတင်းထောက်တွေ ပါဝင်တဲ့အပြင် ရုံးမှာ အသုံးပြုတဲ့ ကွန်ပျူတာတွေကိုလည်း သိမ်းဆည်းသွားသလို ကျန်သတင်းထောက်တွေလည်း ရှောင်တိမ်းနေကြတဲ့အတွက် Bi မွန်းတည့်နေဂျာနယ်ထုတ်ဝေမှုကို ရပ်ဆိုင်းထားပါတယ်။

ဂျာနယ်တိုက်ပိုင်ရှင် ဦးကျော်မင်းခိုင်နဲ့ သူ့ဇနီး ဒေါက်တာအိအိစံ၊ ရုံးတာဝန်ခံ ဦးယဉ်မင်းထွန်းတို့ကိုတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့က နေအိမ်တအိမ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က မြန်မာဘက်က သွားရောက်ဖမ်းဆီး အမှုစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ဆန်းပိုင်းတုန်းက သတင်း ၁ ပုဒ် ရေးသားမှုကြောင့် တရားစွဲဆိုခံရတဲ့ မွန်းတည့်နေဂျာနယ်နဲ့ မွန်းတည့်နေ ၁ နှစ်ပြည့် ထုတ်ဝေတဲ့ Bi မွန်းတည့်နေဂျာနယ်ဟာ ပိုင်ရှင်တဦးတည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013