မန်ချက်စတာစီးတီးအသင်းက ဂျာမန်ကလပ် လိုက်ဇစ်အသင်းရဲ့ နောက်ခံလူ ဂျောစကိုဂါဒီယိုကို စတာလင် ပေါင် ၇၇ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီချက်ရသွားပါတယ်။
အသက် ၂၁ နှစ်အရွယ် ခရိုအေးရှား နောက်ခံလူဟာ ၂၀၂၁ မှာ ဒိုင်နမိုဇာဂရက်အသင်းကနေ ပြောင်းရွှေ့လာပြီး လိုက်ဇစ်အသင်းအတွက် ပွဲပေါင်း ၈၇ ပွဲ ကစားပေးထားပါတယ်။
လိုက်ဇစ်အသင်းမှာ အဓိက အားထားရတဲ့ နောက်တန်းသမား ဂါဒီယိုဟာ ဒီတပတ်ထဲမှာ စစ်ဆေးမှု ခံယူဖို့ အင်္ဂလန်ကို သွားရောက်ရဖို့ ရှိနေပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အသစ်ခေါ်ယူမယ့် ဂါဒီယိုဟာ အသင်းရဲ့ ဘယ်ခြမ်း ဗဟိုနောက်ခံလူနေရာမှာ အားဖြည့်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။










