DVB Logo
Home
အားကစား
အီတလီဂန္ထဝင်ဂိုးသမား ဘူဖွန် ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝမှ အနားယူ
DVB
·
August 2, 2023
Donate to DVB

အီတလီလက်ရွေးစင်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ ဂန္ထဝင်ဂိုးသမား ဘူဖွန်ဟာ ကစားသမားဘဝကနေ အနားယူတော့မယ်လို့ သြဂုတ် ၂ ရက်မှာ နာမည်ကျော် သတင်းထောက် ဖေဘရီဇီအို ရိုမာနိုက အတည်ပြု ပြောကြားခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ် ဘူဖွန်ဟာ ပါးမားအသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ရှိနေပေမဲ့ ဒဏ်ရာပြဿနာတွေ ရှိနေတာနဲ့ ပါးမားအသင်း အီတလီစီးရီးအေကို မတက်ရောက်နိုင်တာကြောင့် အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဘူဖွန်ဟာ ပြီးခဲ့တဲ့ရာသီက ကြွက်သားဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး အထူးသဖြင့် တံကောက်ကြောဒဏ်ရာကြောင့် ၃ လခန့် အနားယူခဲ့ရပါတယ်။

အီတလီဂန္ထဝင်ဂိုးသမား ဘူဖွန်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ဆော်ဒီလိဂ်က လုပ်ခလစာ အများအပြားနဲ့ ကမ်းလှမ်းတဲ့ အခွင့်အရေးကို ရရှိခဲ့ပေမဲ့ ငြင်းဆိုခဲ့ပါတယ်။

ဘူဖွန်ဟာ ၁၉၉၈ ရာသီမှာ ပါးမားအသင်းနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို စတင်ပွဲထွက်ခဲ့ပြီး ၃ နှစ်အကြာမှာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

အီတလီဂိုးသမားကြီးဟာ ကစားသမားဘဝ ၂၈ ရာသီအတွင်း ဂျူဗင်တပ်စ်အသင်းမှာ ၁၉ ရာသီ ကုန်ဆုံးခဲ့ပြီး ပီအက်စ်ဂျီမှာ ၁ ရာသီနဲ့ ပါးမားမှာ ၈ ရာသီကြာ ဖြတ်သန်းခဲ့ပါတယ်။

ဘူဖွန်ဟာ စီးရီးအေမှာ ပွဲအများဆုံး ကစားထားတဲ့ ကစားသမားအဖြစ် ၆၅၇ ပွဲနဲ့ စံချိန်တင်ထားပြီး ၂၀၀၃ ခုနှစ်မှာ ဥရောပအကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။

ဘူဖွန်ဟာ ပါးမား၊ ဂျူဗင်တပ်စ်နဲ့ ပီအက်စ်ဂျီအသင်းတို့မှာ ပရော်ဖက်ရှင်နယ်ပွဲပေါင်း ၁,၁၀၀ ကျော် ပါဝင်ကစားခဲ့ပြီး အီတလီစီးရီးအေ ၁၀ ကြိမ်၊ ယူရိုပါလိဂ် ၁ ကြိမ်နဲ့ ပြင်သစ်လီဂူး ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၂၆ လုံး ရယူခဲ့ပါတယ်။

အီတလီအသင်းအတွက်လည်း ပွဲပေါင်း ၁၇၅ ပွဲ ပါဝင်ကစားပြီး ၂၀၀၆ ကမ္ဘာ့ဖလားဆုကို ရရှိခဲ့ပါတယ်။

Source - Bleacher Report Football

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013