DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖို လိုအပ်ဟုဆို
DVB
·
July 22, 2014
မြန်မာနိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖို လိုအပ်ဟုဆို
Donate to DVB

မြန်မာနိုင်ငံမှာ သုတေသနလုပ်ငန်းသုံး နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်လုပ်ဖို့ လိုအပ်တယ်လို့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောကြားလိုက်ပါတယ်။

national parlimentဇူလိုင် ၂၁ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ  ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော် အမတ် ဒေါက် တာမြင့်ကြည် ရဲ့ နျူကလီးယား ဓာတ်အားထုတ်စက်ရုံ တည်ထောင်ဖို့ ရှိ၊ မရှိ မေးမြန်းချက်ကို  ပြည်ထောင်စုဝန်ကြီးက လာရောက် ဖြေကြား သွားခဲ့တာ ဖြစ်ပါတယ်။

နျူကလီးယားသုတေသနလုပ်ငန်းတွေ ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ သုတေသန လုပ်ငန်းသုံး နျူကလီးယားဓာတ်ပေါင်းဖို လိုအပ်တဲ့အကြောင်း၊ လက်ရှိအချိန်မှာ နျူကလီးယား နည်းပညာ တိုးချဲ့ သုံးစွဲနိုင်ဖို့ လိုအပ်တဲ့ ဓာတ်ရောင်ခြည်အန္တရာယ်ကာကွယ်ရေးနဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ ဥပဒေတွေ ပြဋ္ဌာန်းဖို့ ဆောင်ရွက်နေတယ်လို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။

နျူကလီးယား နည်းပညာအသုံးချရေးဆိုင်ရာ  လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နေပြီး  အခြေခံအဆောက်အဦတွေ ပြည့်စုံချိန်မှာ နိုင်ငံတော်က လိုအပ်ရင် သင့်တော်တဲ့အချိန်မှာ  သုတေသနသုံး နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက် လည်ပတ်သုံးစွဲနိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ဇွန်လတုန်းက မြန်မာစစ်အစိုးရရဲ့ လျှိ့ဝှက် နျူကလီးယား လက်နက် စီမံကိန်းနဲ့ ပတ်သက်လို့  ဒီဗွီဘီသတင်းဌာနက ရုပ်သံမှတ်တမ်းနဲ့ အစီရင်ခံစာ ထုတ်ဖော်တင်ပြခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူစာချုပ်ကို ယခင် စစ်အစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် ၁၉၉၅ ခုနှစ် ဒီဇင်ဘာလက  ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ  လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013