DVB Logo
Home
Lead Story
မြန်မာအလုပ်သမားများကို နိုင်ငံသားစိစစ်ပေးမည့်ကိစ္စ မေးမြန်းချက်
DVB
·
July 22, 2014
မြန်မာအလုပ်သမားများကို နိုင်ငံသားစိစစ်ပေးမည့်ကိစ္စ မေးမြန်းချက်
Donate to DVB

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအစိုးရက ရက်ပေါင်း ၆၀ စာ နေထိုင်ခွင့် ကတ်ပြားတွေ ထုတ်ပေးနေပြီး နောက်ထပ်ဆက်ပြီး နေထိုင်ခွင့်ရဖို့ နိုင်ငံသားစိစစ်ရေးနဲ့ ယာယီနိုင်ငံကူးလက်မှတ်၊ အလုပ်သမား မှတ်ပုံတင်ကတ် တွေပါ လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။

[caption id="attachment_59446" align="alignright" width="300"]မဟာချိုင်တွင် မှတ်ပုံတင် ပြုလုပ်ပေးနေစဉ် မဟာချိုင်တွင် မှတ်ပုံတင် ပြုလုပ်ပေးနေစဉ်[/caption]

ရက်ပေါင်း ၆၀ အတွင်း ဒီလုပ်ငန်းစဉ်တွေ အဆင်ပြေစွာ ပြီးမြောက်စေဖို့  နိုင်ငံသား စိစစ်ရေးအဆင့် မှာ မြန်မာသံရုံးနဲ့ အလုပ်သမားကူညီရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အလုပ်သမားတွေ တည်ရှိရာ စက်ရုံနဲ့ အလုပ်ရုံတွေဆီ ကွင်းဆင်းဆောင် ရွက်ပေးမယ်လို့  ဇူလိုင် ၁၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

ဒီလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ အဓိက ဆက်သွယ်ဆောင်ရွက်ရေး ကိုယ်စားလှယ် ၁၀ ဦးကို ကော်မတီအနေနဲ့ ဖွဲ့စည်းခဲ့ပြီး ယခုတပတ်အတွင်း လုပ်ငန်းစတင်တော့မှာ ဖြစ်ပါတယ်။

ဒီဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ကော်မတီဝင်တဦးဖြစ်သူ မဟာချိုင်အခြေစိုက် မြန်မာလူမှုရေးရာအသင်း (Myanmar Association Team)က ဥပဒေအကြံပေး ဦးအောင်မျိုးသန့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ် ။

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ထိုင်းအမျိုးသား ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီက အထောက်အထားမဲ့  နိုင်ငံခြားအလုပ်သမားတွေအတွက် ၀မ်းစတော့ပ် ဆားဗစ်စင်တာလို့ခေါ်တဲ့ တနေရာတည်းအပြီး စခန်းတွေ ဖွင့်လှစ်ပြီး ပန်းရောင်ကတ်တွေ ထုတ်ပေးနေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ထိုင်းနိုင်ငံတ၀ှန်းလုံးမှာ ဆောင်ရွက်ပေးမယ်လို့ ထိုင်းအစိုးရက ဇွန် ၂၆ ရက်နေ့မှာ ကြေညာခဲ့ပြီး စမွတ်စခွန်ခရိုင်၊  အဲဒီနောက် ထိုင်းတောင်ပိုင်းနဲ့ အလယ်ပိုင်းခရိုင် ၇ ခု၊ ဘန်ကောက်ခရိုင်မှာ ၆ ခု တို့မှာ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၂ ရက်နေ့ကစပြီး နောက်ထပ် ကရဘီ၊ ကျန်ထပူရီး၊ ချွန်းပူးရီး၊ တရန်း၊ တလတ်၊ နခွန်းဆီထမရတ်၊ ပရကျုတ်ခီရိခန်၊ ပတ္တနီ၊ ဖန်ငါး၊ ဖစ်ခ်ျပူရီ၊ ဖူးကတ်၊ ရနောင်း၊ ဆဒွန်းနဲ့ ဆမွန်ဆုန်ခလမ်း စတဲ့ ခရိုင် ၁၅ ခုမှာ ဖွင့်လှစ်သွားမယ်လို့ ဇူလိုင် ၂၁ ရက်နေ့ နေ့စွဲ  အမိန့်ကြေညာချက်အမှတ် ၉၄/၂၀၁၄ နဲ့ ထုတ်ပြန်ထားပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013