DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားတွင် မိုးသည်းထန်မှုကြောင့် Asia Wings လေယာဉ် လှည့်ပြန်ရ
DVB
·
July 22, 2014
မြစ်ကြီးနားတွင် မိုးသည်းထန်မှုကြောင့် Asia Wings လေယာဉ် လှည့်ပြန်ရ
Donate to DVB

မန္တလေးမြို့ကနေ မြစ်ကြီးနားမြို့ကို သွားတဲ့ ခရီးသည်တင်လေယာဉ်တစီး ရာသီဥတုအခြေအနေကြောင့် မြစ်ကြီးနားကို ရောက်ပြီးကာမှ  မဆင်းသက်နိုင်ဘဲ မန္တလေးကို လှည့်ပြန်ခဲ့ရပါတယ်။

[caption id="attachment_60747" align="alignright" width="300"]ဒီဗွီဘီသတင်းထောက် ၂ ဦး ဒီဗွီဘီသတင်းထောက် ၂ ဦး[/caption]

Asia Wings လေယာဉ်၊ ခရီးစဉ်အမှတ် YJ 201 ဟာ မန္တလေး ကနေ မြစ်ကြီးနားကို ဒီမနက် ၁၀ နာရီ ၀န်းကျင်လောက်က ထွက်ခွာ တာဖြစ်ပြီး မြစ်ကြီး နားလေယာဉ်ကွင်းပေါ် မှာ မို မိုးသည်းထန်တဲ့ အတွက် လေယာဉ် မဆင်းသက်နိုင်ဘဲ မန္တလေးလေ ယာဉ် ကွင်းကို ပြန် လည် မောင်းနှင်ဆင်းသက်ခဲ့ရတယ်လို့ လေယာဉ်ပေါ်လိုက်ပါလာတဲ့ ဒီဗွီဘီသတင်းထောက်တွေက ပြောပါတယ်။

ဒီလေယာဉ်မှာ မနက်စောပိုင်းက ရန်ကုန်မြို့ကနေ စတင်ထွက်ခွာလာတာဖြစ်ပြီး မန္တလေးမှာ တထောက်နားပြီးမှ မြစ်ကြီးနားကို ထွက်ခွာမှာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၃၆ ဦး လိုက်ပါလာတယ်လို့ဆိုပါတယ်။

ဒီဗွီဘီသတင်းထောက် ဦးမျိုးဇော်လင်းက “ကျနော်တို့ကို ပြောတာ (လေယာဉ်အမှုထမ်းတွေ)ကတော့ မန္တလေးလေဆိပ်ကနေ မြစ်ကြီးနားကို စပြီးတော့ ထွက်ခွာစဉ်မှာ မန္တလေးကနေ မြစ်ကြီးနားလေဆိပ်ကို ဖုန်းဆက်ပါတယ်။ ၂ နာရီအတွင်းမှာ ရာသီဥတု ကောင်းတယ်ဆိုပြီးတော့ ဆင်းခွင့် ပေးပါတယ်။ ဆင်းခွင့်ပေးတဲ့အတွက် မန္တလေးလေဆိပ်ကနေပြီးတော့ လေယာဉ်စတင်ထွက်ခွာပါတယ်။ ထွက်ခွာပြီး မြစ်ကြီးနားလေဆိပ်ပေါ်ရောက်မှ ရာသီဥတုက ချက်ချင်းဆိုသလို ပြောင်းလဲလာတဲ့အတွက် လေယာဉ်မှူးက ဆင်းနိုင်ဖို့အတွက် မြစ်ကြီးနား လေယာဉ်ကွင်းပေါ်မှာ ၃ ပတ်လောက် ပတ်ပြီးတော့ နောက်ဆုံး ဆင်းလို့ မရတဲ့အတွက် ပြန်လှည့်ရတဲ့ အကြောင်းရင်း ဖြစ်တယ်ဆိုပြီးတော့ လေယာဉ်ဝန်ထမ်းတွေကနေပြီးတော့ ခရီးသည်တွေကို အကြောင်းကြားတယ်” လို့ ပြောပါတယ်။

ဒီလေယာဉ်ပေါ်မှာ သတင်းထောက် ၅ ဦး ပါဝင်ပြီး တရုတ်မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်ေးဆာင်တွေရဲ့ အစည်းအဝေးမှာ သတင်းရယူဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တော်ရှိ ဆုံရပ်ကို  သွားကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013