DVB Logo
Home
နိုင်ငံတကာ
ရုရှားသမ္မတ ပူတင် တရုတ်နိုင်ငံ သွားမည်
DVB
·
May 17, 2026
Photo: Sergey Bobylev/Via Reuters
Photo: Sergey Bobylev/Via Reuters
Donate to DVB

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မေ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ တရုတ်နိုင်ငံဆီ သွားရောက်လည်ပတ်မယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က မေ ၁၆ ရက်မှာ ပြောပါတယ်။

ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ နှစ်နိုင်ငံဆက်ဆံရေးကို ဆွေးနွေးပြီး အဓိက နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ ကိစ္စရပ်တွေအပေါ် အမြင်တွေကို ဖလှယ်မယ်လို့ ကရင်မလင်နန်းတော်က ကြေညာချက် ထုတ်ပြန်ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက X လူမှုကွန်ရက်ပေါ်က တကြောင်းတည်းသော ပို့စ်တခုမှာ လာမဲ့တွေ့ဆုံမှုကို အတည်ပြုခဲ့ပါတယ်။

ရုရှားဟာ ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်သူတွေထဲက တနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံကတော့ ရုပ်ကြွင်းလောင်စာတွေ အများဆုံးဝယ်သူထဲမှာ ပါနေတာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပေကျင်းမြို့တော်မှာ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး တပတ်အတွင်း ပူတင်နဲ့ ရှီတို့ရဲ့ တွေ့ဆုံပွဲကို ကျင်းပမှာဖြစ်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်တွေ တနှစ်အတွင်း ဒုတိယအကြိမ် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

ရုရှားသမ္မတရဲ့ ခရီးစဉ်ဟာ နိုင်ငံအချင်းချင်းဆက်ဆံရေးအတွက် အခြေခံအဖြစ် ဆောင်ရွက်တဲ့ အိမ်နီးချင်းကောင်းနဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် ၂၅ နှစ်မြောက် နှစ်ပတ်လည်နဲ့ တိုက်ဆိုင်နေတယ်လို့ ပူတင်ရဲ့ရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013