DVB Logo
Home
Lead Story
လာမယ့် စက်တင်ဘာမှာ တရားဥပဒေစိုးမိုးရေးစင်တာတွေ စဖွင့်မယ်
DVB
·
July 22, 2014
လာမယ့် စက်တင်ဘာမှာ တရားဥပဒေစိုးမိုးရေးစင်တာတွေ စဖွင့်မယ်
Donate to DVB

ရှမ်းပြည်နယ် လားရှိုမြို့နဲ့  မန္တလေးမြို့တွေမှာ လာမယ့်စက်တင်ဘာလကစတင်ပြီး တရားဥပဒေစိုးမိုးရေးစင်တာ နှစ်ခု ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

U Win Myint copyဒီအစီအစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့  ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးပိုင်း၊ တရားရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့လည်း ညှိနှိုင်းပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။

နိုင်ငံတ၀န်း ဖွင့်လှစ်သွားမယ့်အစီအစဉ်ဖြစ်ပြီး ရှေ့ပြေးအဖြစ် လားရှိုးမြို့နဲ့ မန္တလေးမှာ စတင်မှာဖြစ်ပါတယ်။

ဒီလ ၁၇ ရက်နေ့ကလည်း  ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေစိုးမိုးရေးစင်တာတွေ ဖွင့်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးလှထွန်းနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တရားဥပဒေစိုးမိုးရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013