DVB Logo
Home
နိုင်ငံတကာ
ကလေးသူငယ်များကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့် သြစတြေးလျအမျိုးသား ၁ ဦး တရားစွဲခံရ
DVB
·
August 1, 2023
Donate to DVB

သြစတြေးလျနိုင်ငံမှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အကြား ကလေးသူငယ် ၉၁ ဦးအပေါ် ညှဉ်းပန်းနှိပ်စက်မှု ၁,၆၂၃ မှုနဲ့ ကလေးထိန်းဝန်ထမ်းဟောင်းတဦးကို တရားစွဲဆိုထားကြောင်း သြဂုတ် ၁ ရက်မှာ ဖက်ဒရယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

အသက် ၄၅ နှစ်အရွယ် Gold Coast ဒေသခံ အမျိုးသားကို ၂၀၂၂ ခုနှစ် သြဂုတ်လကတည်းက ကွင်းစ်လန်းပြည်နယ်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ရဲတွေက သူ့ကို ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ ပစ္စည်းကို ဖန်တီးမှုနဲ့ ကနဦးမှာ တရားစွဲဆိုခဲ့ပါတယ်။

ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဂျပ်စတင်ဂဖ်က “ဒီလူဟာ ၂၀၀၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ဘရစ္စဘိန်း၊ ဆစ်ဒနီနဲ့ နိုင်ငံရပ်ခြားတို့မှာ အသက် ၁၀ နှစ်အောက် ကလေးနဲ့ လိင်ဆက်ဆံမှု ၁၁၀ မှုနဲ့ မုဒိမ်းမှု ၁၃၆ မှု အပါအဝင် ကလေးသူငယ် ၉၁ ဦးအပေါ် ကလေးညှဉ်းပန်းနှိပ်စက်မှု ၁,၆၂၃ မှုနဲ့ ကလေးထိန်း ဝန်ထမ်းဟောင်းတဦးကို တရားစွဲဆိုထားတဲ့ စုံစမ်းဖော်ထုတ်ထားတဲ့ တန်တာဖှီးလ်ဒ် စစ်ဆင်ရေးရဲ့ အသေးစိပ်အချက်အလက်တွေကို အကြမ်းဖျင်း ဖော်ပြနိုင်ပြီ” လို့ ပြောပါတယ်။

မနှစ်က အဖမ်းခံရပြီးကတည်းက နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက်မှာ ပြစ်မှုကျူးလွန်ခံရတဲ့ ကလေးအားလုံးဟာ အသက် ၉ နှစ်မှ ၁၂ နှစ်ကြား မိန်းကလေးတွေချည်း ဖြစ်ပြီး သူ့ရဲ့ကျူးလွန်မှုအားလုံးကို ဖုန်းနဲ့ ကင်မရာတွေမှာ မှတ်တမ်းတင်ထားကြောင်း ဩစတေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) က ပြောပါတယ်။

ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုမှာ မှတ်တမ်းတင်ခံထားရတဲ့ သြစတြေးလျကလေး ၈၇ ဦး စလုံးကို ဖော်ထုတ်တွေ့ရှိထားကြောင်းလည်း AFP  က အခိုင်အမာ ပြောကြားပါတယ်။

အခုတော့ ဒီကလေးအားလုံးဟာ အသက် ၁၈ နှစ်အထက် မိန်းကလေးအရွယ်တွေ ဖြစ်နေကြပြီ လို့လည်း ဆိုပါတယ်။

ဒါဟာ ရဲတပ်ဖွဲ့ရဲ့ နှစ်ပေါင်း ၄၀ နီးပါးအတွင်း ကြုံဖူးသမျှ ကြောက်စရာကောင်းတဲ့ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုတွေထဲက တခုဖြစ်တယ်လို့လည်း ဂျပ်စတင်ဂဖ်က ပြောပါတယ်။ ဒီအမှုကို သြဂုတ် ၂၁ ရက်မှာ တရားရုံးကို ချိန်းဆိုထားပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013