DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်
DVB
·
August 1, 2023
ဖားကန့်တွင် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စက်သုံးဆီသယ် မော်တော်ယာဉ်တွေဟာ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေကို တရားမဝင် လာဘ်ငွေပေးဆောင်နေရတဲ့အတွက် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်မားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်သုံးဆီသယ်မော်တော်ယာဉ် (ဆီဗောက်ဆာကား) တွေကို စစ်ကောင်စီ စစ်ဆေးရေးဂိတ် တွေမှာ တားမြစ်ရပ်ခိုင်းထားပြီး စစ်ကောင်စီတပ်ကို တရားမဝင် လာဘ်ငွေ ပေးဆောင်စေတာကြောင့် ဆိုင်ကယ်၊ အိမ်စီးကားတွေနဲ့ စက်သုံးဆီ သယ်ယူနေရတယ်လို့ ဆိုပါတယ်။

ဖားကန့်ဒေသခံ အမျိုးသားတဦးက “စက်သုံးဆီသယ်တဲ့ ဆီဗောက်ဆာကားတွေကို နန့်ယား စစ်ဆေးရေးဂိတ်မှာ တားထားပြီး ရပ်ခိုင်းထားတယ်။ ဆိုင်ကယ်တွေ၊ အိမ်သုံးကားတွေနဲ့ ဆီသယ်ရတယ်။ ဆီသယ်ပြီး ဖြတ်တဲ့ ကားတွေလည်း စစ်ကောင်စီဂိတ်တွေကို ဆီတပေပါ ဘယ်လောက်ဆိုပြီး ပေးရတာ။ အဲ့လိုတွေသယ်ရတော့ ဆီဈေးကလည်း အဆမတန် မြင့်သွားတယ်” လို့ ပြောပါတယ်။

ဆီသယ်ယူတဲ့ မော်တော်ယာဉ်တွေဟာ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၆ ခုထက်မနည်းကို ဖြတ်သန်းရပြီး ဆီတပေပါကို ကျပ် တသောင်းမှ ကျပ် သုံးသောင်းခွဲအထိ ပေးဆောင်ရပါတယ်။

ဆီသယ်ယူသူ ယာဉ်မောင်းတဦးက “စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ ကာမိုင်းဂိတ်၊ နန့်ယားဂိတ်၊ ဆိုင်းဖရာဂိတ်၊ နန့်တိန့်ဂိတ်၊ ရန်းချက်ဂိတ်၊ လယ်ပြင်ဂိတ်တွေမှာ ပိုက်ဆံပေးရတယ်။ နန့်ယားဂိတ်က ဆီတပေပါကို သုံးသောင်းခွဲတောင် ပေးရတယ်။ ကျန်တဲ့နေရာတွေထက် အဲ့ဒီဂိတ်က ပေးရတာ ဈေးအများဆုံးပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က စက်သုံးဆီသယ် မော်တော်ယာဉ်တွေကို အရင်က အကန့်အသတ်နဲ့ ဖြတ်သန်းခွင့် ပြုခဲ့ပေမဲ့ ဇွန် ၂၇ ရက်ကစတင်ပြီး စက်သုံးဆီသယ်ယာဉ်တွေကို ဖြတ်သန်းခွင့် မပြုတော့တဲ့အတွက် စက်သုံးဆီ အရောင်းဆိုင်တချို့လည်း ပိတ်ထားပြီး လမ်းဘေး ဆီဆိုင်လေးတွေသာ ဖွင့်လှစ်ရောင်းချနေတာပါ။

စက်သုံးဆီ မော်တော်ယာဉ်တွေ အကန့်အသတ်နဲ့ ဖြတ်သန်းခွင့်ပြုခဲ့စဉ်က ဖားကန့်မြို့နယ်အတွင်း ၉၂ စက်သုံးဆီ တလီတာ ကျပ် ၂,၅၀၀ မှ ကျပ် ၃,၀၀၀ ဝန်းကျင်ဈေးရှိခဲ့ပြီး စက်သုံးဆီယာဉ်တွေ ဖြတ်သန်းခွင့် မပြုတော့တဲ့နောက်ပိုင်း ၉၂ တလီတာကို ကျပ် ၆,၀၀၀ မှ ကျပ် ၈,၀၀၀ အထိ ရောင်းချနေကြတာပါ။

ဖားကန့်မြို့နယ်မှာ ရေနံထွက်ပစ္စည်းများ ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ စက်သုံးဆီဆိုင်ပေါင်း ၁၈ ဆိုင်ရှိပြီး ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် စစ်ကောင်စီတပ်က စက်သုံးဆီသယ်ယူခွင့်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလပိုင်းက စတင်ပြီး အခုအချိန်ထိ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013