DVB Logo
Home
မြန်မာသတင်း
ယူနတီသတင်းထောက်များ အယူခံ တရားလွှတ်တော် လက်ခံ
DVB
·
July 21, 2014
ယူနတီသတင်းထောက်များ အယူခံ တရားလွှတ်တော် လက်ခံ
Donate to DVB

လျှို့ဝှက် ဓာတုလက်နက် စက်ရုံသတင်းဆောင်းပါးကြောင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ဆယ်နှစ်စီ ချမှတ်ခံရသူ သတင်းထောက် ၄ ဦးအတွက် သူတို့ရဲ့ ရှေ့နေက ဒီကနေ့ အယူခံတင်တာကို မကွေးတိုင်းဒေသကြီး တရားလွှတ်တော်က လက်ခံလိုက်ပါတယ်။

အဲဒီအမှု အယူခံကို မကွေးတိုင်းဒေသကြီး တရားလွှတ်တော်က တရားသူကြီး ဒေါ်နုယဉ်ထံ မနက်ပိုင်းက တင်သွင်းခဲ့တာ ဖြစ်ပြီး လက်ခံလိုက်တာလို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“ယူနတီဂျာနယ်က ကြီးလေးတဲ့ အပြစ်ဒဏ်ချခံထားရတဲ့ သတင်းထောက် ၄ ယောက်အတွက် အယူခံသွားတင်တာ။ ကျနော်တို့ အောက်ရုံးမှာ တရားမျှတမှု မရခဲ့လို့ တရားမျှတမှုရဖို့ တင်သွင်းခြင်းဖြစ်ပါတယ်။ တိုင်းဒေသကြီး လွှတ်တော်တရားသူကြီး ဒေါ်နုယဉ်က အဲဒီအမှုကို လက်ခံလိုက်တယ်။ ကျနော်တို့နဲ့ အစိုးရဘက် နှစ်ဖက် လျောက်လဲချက်ပေးဖို့ကတော့ ၄၅ ရက်လောက် စောင့်ရမယ်။”

[caption id="attachment_53370" align="alignright" width="300"]ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ -  Robert San Aung's) ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ - Robert San Aung's)[/caption]

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့် အရေးကြေညာ စာတမ်း အပိုဒ် (၁၉)၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၄ မှာ ခွင့်ပြုထားတဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသား ခွင့်ဆိုင်ရာ လူ့အခွင့်အရေး ကို ရေးရကောင်း လားဆိုပြီးတော့ အရေးယူတဲ့အတွက် ထိခိုက်နစ်နာလို့ အခုလို အယူခံတင် သွင်းတာလို့ ဆိုပါတယ်။

ပြစ်ဒဏ်ကျ ၅ ဦးအနက် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းကလွဲပြီး ကျန်တဲ့ သတင်းထောက် ၄ ဦးအတွက်သာ အမှုလိုက်ပါ ဆောင်ရွက်ပေးတာလို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဇန်န၀ါရီလ ၂၅ ရက်နေ့ထုတ် ယူနတီ သတင်းဂျာနယ်မှာ  မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓာတုလက်နက်စက်ရုံဆိုတဲ့ ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးကြောင့် သတင်းသမားတွေကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/ ၉ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံဖို့ ပခုက္ကူခရိုင်တရားရုံးက ဒီလဆန်း ၁၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013