
မန်စီးတီးအသင်း ဆုဖလားသုံးလုံးရရှိမှုအပေါ် နာကျင်ခံစားခဲ့ရကြောင်း မန်ယူနောက်ခံလူ လုခ်ရှောက ပြောသွားပါတယ်။
မန်စီးတီးအသင်းဟာ မနှစ်ကရာသီမှာ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့ပြီး တစ်ရာသီအတွင်း အဓိကဆုဖလားသုံးလုံးစလုံးရ ယူနိုင်ခဲ့တာပါ။
မန်စီးတီးအသင်း ဆုဖလားသုံးလုံးရယူနိုင်ခဲ့တဲ့အပေါ် အလွန်နာကျင်ခံစားခဲ့ရပြီး အသင်းရဲ့ ကစားသမားတွေအားလုံးဟာလည်း အလားတူဖြစ်ကြောင်း လုခ်ရှောကပြောပါတယ်။
ဒါ့အပြင် အင်္ဂလန်လက်ရွေးစင်အသင်းမှာ မန်စီးတီးကစားသမားတွေနဲ့ ပြန်လည်ဆုံတွေ့ ရတဲ့သူ့အဖိုတော့ ပိုပြီးတော့ နာကျင်ခံစားရကြောင်း လုခ်ရှောကပြောပါတယ်။
“ကျနော်တို့ရဲ့ အချိန်တွေရောက်ဖို့က ခုချိန်မှာစတင်နေပြီဖြစ်တယ်။ သူတို့ကို ဒီလိုအောင်မြင်မှုမျိုးရရှိအောင် ခွင့်မပြုခဲ့သင့်ပါဘူး။ အရင်တုန်းကလည်း ဒီသဘောအတိုင်းပါပဲ။ ဒီလိုအောင်မြင်မှုမျိုး နောက်တစ်ကြိမ်ရ ယူသွားမှာကို ကျနော်တို့ လက်မခံနိုင်ပါဘူး။”
မန်ယူအသင်းအနေနဲ့ ကရာဘောင်ဖလားရရှိခဲ့တာက လုံလောက်မှုမရှိဘဲ ဆုဖလားတိုင်းကို စိန်ခေါ်နိုင်ဖို့လိုအပ်ကြောင်းလည်း လုခ်ရှောက ပြောသွားပါတယ်။










