DVB Logo
Home
အားကစား
ခရိုအေးရှားအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် သြစတြေးလျနိုင်ငံသား ပေါ့ပရင် ဗိုလ်စွဲ
DVB
·
July 31, 2023
ခရိုအေးရှားအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် သြစတြေးလျနိုင်ငံသား ပေါ့ပရင် ဗိုလ်စွဲ
Donate to DVB

ခရိုအေးရှားအိုးပင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဇူလိုင် ၃၀ ရက်က ယှဉ်ပြိုင်ခဲ့ရာ သြစတြေးလျနိုင်ငံသား အလက်စ်ဆီ ပေါ့ပရင်ဟာ ဆွစ်ဇာလန်နိုင်ငံသား စတန်ဝေါ်ရင်ကာကို ၆(၅)-၇၊ ၆-၃၊ ၆-၄ ရလဒ်တို့နဲ့ အနိုင်ယူကာ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

ATP 250 အဆင့်ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာ အသက် ၂၃ နှစ်အရွယ် ပေါ့ပရင်က အနိုင်ရရှိခဲ့တာကြောင့် သူ့ရဲ့ ဒုတိယမြောက် ချန်ပီယံဆုအဖြစ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ခရိုအေးရှားနိုင်ငံ အူမက်ဂ်မြို့မှာ ကျင်းပခဲ့တဲ့ ဒီမြေစေးကွင်းပြိုင်ပွဲအတွင်း ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမားဟောင်း လေတန်ဟီးဝစ်နောက်ပိုင်း ပေါ့ပရင်က အောင်မြင်မှုရရှိခဲ့တဲ့ ပထမဆုံးသော သြစတြေးလျနိုင်ငံသား ဖြစ်လာခဲ့ပါတယ်။

အဓိကဆုဖလား ၃ ကြိမ်အထိ ရရှိခဲ့ဖူးတဲ့ ဝါရင့်ကစားသမား ဝေါ်ရင်ကာကတော့ ဖိုင်နယ်အဆင့်ကို ၄ နှစ်အကြာမှာ တဖန်ပြန်လည် တက်လှမ်းလာနိုင်ခဲ့တာပါ။

၂၀၂၁ ခုနှစ်တုန်းက ဝေါ်ရင်ကာရဲ့ ဘယ်ခြေထောက်မှာ ခွဲစိတ်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာ့ထိပ်တန်းစာရင်း ၃၀၀ ရဲ့ အပြင်ဘက်အထိ ရောက်ရှိသွားခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ ပထမပွဲစဉ်မှာ အသာစီးရယူနိုင်ခဲ့ပေမဲ့ ပေါ့ပရင်ဘက်က အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တာကြောင့် အခုလို အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013