DVB Logo
Home
အားကစား
မော်ရိုကိုက ဘင်ဇီနာ ကမ္ဘာ့ဖလားတွင် ဦးခေါင်းခြုံပဝါ ဝတ်ဆင်ကစားသည့် ပထမဆုံး ကစားသမားဖြစ်လာ
DVB
·
July 31, 2023
မော်ရိုကိုက ဘင်ဇီနာ ကမ္ဘာ့ဖလားတွင် ဦးခေါင်းခြုံပဝါ ဝတ်ဆင်ကစားသည့် ပထမဆုံး ကစားသမားဖြစ်လာ
Donate to DVB

မော်ရိုကိုအမျိုးသမီးအသင်းနောက်ခံလူ ဘင်ဇီနာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဦးခေါင်းခြုံပဝါ ဝတ်ဆင်ကစားတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

သူဟာ တနင်္ဂနွေနေ့က တောင်ကိုရီးယား အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပွဲဦးထွက်ပါဝင်ကစားခဲ့တာပါ။

ကမ္ဘာ့အဆင့် ၇၂ မှာရှိ တဲ့ မော်ရိုကိုအသင်းဟာ ကမ္ဘာ့အဆင့် ၁၇ ရှိတဲ့တောင်ကိုရီးယားကို အနိုင်ရခဲ့တာဖြစ်ပြီး မော်ရိုကို အသင်းရဲ့ ကမ္ဘာ့ဖလားပထမဆုံးနိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။

ဦးခေါင်းခြံပဝါကို မွတ်စလင်အမျိုးသမီးကစားသမားတွေဝတ်ဆင်ကစားလေ့ရှိပြီး မော်ရိုကို အသင်းမှာတော့ နောက်ခံလူ ဘင်ဇီနာတစ်ဦးပဲ ဝတ်ဆင်တာပါ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၁၄ ခုနှစ်အထိ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးအတွက်ဆိုပြီး ကစားသမားတွေကို ဦးခေါင်းခြုံပဝါ ဝတ်ဆင် ကစားခွင့်တားမြစ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အမျိုးသမီး ယူ-၁၇ ပြိုင်ပွဲကနေစတင်ပြီး ဦးခေါင်းခြုံပဝါကို ဝတ်ဆင်ကစားခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013