
အာဆင်နယ်အသင်းဟာ ပေါင်သန်း ၄၀ တန်ကြေးရှိ ဘရန့်ဖို့ဒ်ဂိုးသမားဒေးဗစ်ယာယာကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
အာဆင်နယ်ဟာ အသင်းရဲ့ ပထမဦးစားပေးဂိုးသမား အာရွန်ရမ်စ်ဒေးရဲ့ လက်စွမ်းမတည်မငြိမ်ဖြစ်လာမှုနဲ့အတူ အရန်ဂိုးသမား တာနာကိုလည်း ရောင်းချဖို့ ရှိနေတာကြောင့် ဂိုးသမားသစ်တစ်ဦးခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာပါ။
အမေရိကန်ဂိုးသမားမက်တာနာကို နော်တင်ဟမ်ဖောရက်စ်အသင်းက ခေါ်ယူလိုနေပြီး ဒေးဗစ်ယာယာကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မက်တာနာကို အာဆင်နယ်က ရောင်းချသွားမှာပါ။
စပိန်လက်ရွေးစင်ဂိုးသမား ဒေးဗစ်ယာယာကို ဘိုင်ယန်မြူးနစ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စား နေပါတယ်။
စိန်ခေါ်မှုအသစ်တွေရဖို့ အသင်းပြောင်းရွှေ့လိုကြောင်း ဂိုးသမားယာယာက ပြောခဲ့ဖူးပါတယ်။ဘိုင်ယန်မြူးနစ်ထက်စာရင် အာဆင်နယ်ကို ပြောင်းရွှေ့ကစားဖို့ ဒေးဗစ်ယာယာက ပိုမို ဦးစားပေးဆုံးဖြတ်ထားတယ်လို့ The Athletic သတင်းမှာဖော်ပြသွားခဲ့ပါတယ်။










