
ကိုလံဘီယာသမ္မတ ဂတ်စတာဗို ပေထရိရဲ့သား နီကိုးလပ်စ် ပေထရိုကို ငွေကြေးခဝါချမှု၊ တရားမဝင် ကြွယ်ဝမှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဖမ်းထားတယ်လို့ ကိုလံဘီယာ ရှေ့နေချုပ်ရုံးက ဇူလိုင် ၂၉ ရက် အစောပိုင်းမှာ ပြောပါတယ်။
အတ္တလန်တီကိုပြည်နယ်က နိုင်ငံရေးသမား ပေထရိုဟာ မတ်လမှာ စတဲ့ စုံစမ်းစစ်ဆေးမှုကို ကြိုဆို ခဲ့ပြီး ဖခင်ဖြစ်သူရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေအတွင်း အခြေအမြစ်မရှိတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေဆီက ငွေတွေကို လဲလှယ်ယူခဲ့တယ်လို့ အရင်က စွပ်စွဲပြောဆို တာ ခံခဲ့ရဖူးပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရသူ နှစ်ဦးက နီကိုးလပ်စ်ရဲ့ ဖခင် မဲဆွယ်စည်းရုံးဖို့ နီကိုးလပ်စ်ကို ငွေကြေးပေးခဲ့တယ်လို့ နီကိုးလပ်စ်ရဲ့ ဇနီးဟောင်း ဒေးဆူးရစ်ဒယ် ကာမန် ဗက်စ်ကက်ဇ်က အခုနှစ်အစောပိုင်းမှာ ဒေသခံမီဒီယာကို ပြောခဲ့အပြီး နီကိုးလပ်စ်ဟာ ငွေကြေးခဝါချမှုနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက် ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။
သမ္မတ ပေထရိုကတော့ သူ့ကလေးတွေထဲက တယောက် ထောင်သွင်းအကျဉ်းချခံရလို့ နာကျင်ရတယ်လို့ အရင်က တွစ်တာလို့ သိကြတဲ့ X လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
ရှေ့နေချုပ်ရုံးဟာ ဥပဒေနှင့်အညီ ဆက်လုပ်ဖို့ အာမခံချက် အားလုံးရှိတယ်လို့လဲ သမ္မတ ပေထရိုက ပြောခဲ့ပါတယ်။
Source-Reuters











